ရေနံချောင်းမြို့၌ အစိုးရအဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေနံချောင်းမြို့၌ အစိုးရအဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ကျင်းပ

 



MNP ၊ဒီဇင်ဘာ ၁၁

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် အစိုးရအဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် သုံဆယ့်ခြောက်ကျေးရွာအုပ်စု ဂျုပ်ပင်ရွာဦးကျောင်းဓမ္မာရုံ စာဖြေဌာနတွင် ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။

အဆိုပါ စာမေးပွဲကို ဒီဇင်ဘာ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲတွင် အဘိဓမ္မာရိုးရိုးဖြေဆိုသူ သီလရှင်၂၁ ပါး၊ လူပုဂ္ဂိုလ် ၄၉ ဦး၊ အဘိဓမ္မာဂုဏ်ထူးဆောင် ဖြေဆိုသူ လူပုဂ္ဂိုလ် ၁၂ ဦးနှင့် ဝိသုဒ္ဓိမဂ်ဖြေဆိုသူ လူပုဂ္ဂိုလ် ၁ ဦးတို့ ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။

စာမေးပွဲကျင်းပရာတွင် စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများ၊ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဆရာတော်များက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သာသနာရေဦးစီးဌာန တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)