ထန်းတပင်မြို့နယ်တွင် ဗုဒ္ဓအဘိဓမ္မာ၊ ဋီကာကျော်၊ ဝိသုဒ္ဓိမဂ်စာမေးပွဲစတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့နယ်တွင် ဗုဒ္ဓအဘိဓမ္မာ၊ ဋီကာကျော်၊ ဝိသုဒ္ဓိမဂ်စာမေးပွဲစတင်ဖြေဆို





MNP ၊ ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သာသနာရေးဦးစီးဌာနမှကြီးမှူး၍ ကျင်းပပြုလုပ်သည့် ဗုဒ္ဓအဘိဓမ္မာ၊ ဋီကာကျော်၊ ဝိသုဒ္ဓိမဂ်စာမေးပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊  ထန်းတပင်မြို့နယ်၊ အမှတ်(၃‌)ရပ်ကွက်ရှိ   လွမ်းစေတီဘုရားကြီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။

ဗုဒ္ဓအဘိဓမ္မာ၊ ဋီကာကျော်၊ ဝိသုဒ္ဓိမဂ်စာမေးပွဲကို လွမ်းစေတီဘုရားကြီးကျောင်းတိုက်တွင် ဒီဇင်ဘာလ (၉)ရက်နေ့မှ ဒီဇင်ဘာလ(၁၁)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပြီး ဗုဒ္ဓအဘိဓမ္မာ၊ ဋီကာကျော်၊ ဝိသုဒ္ဓိမဂ်စာမေးပွဲသို့လည်း ဝင်ရောက်ဖြေဆိုသူ (၉၆)ဦးရှိကြောင်း သိရသည်။

စာမေးပွဲ ကျင်းပပြုလုပ်ရာတွင်လည်း ဒီဇင်ဘာလ(၉)ရက်နေ့တွင် ပထမအဆင့်စာမေးပွဲကိုကျင်းပပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ဒုတိယအဆင့်စာမေးပွဲနှင့် ဒီဇင်ဘာလ(၁၁)ရက်နေ့တွင် တတိယအဆင့်စာမေးပွဲကို ဆက်လက်၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


ဇင်မင်းထိုက်(ထန်းတပင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)