တပ်မတော်နည်းပညာတက္ကသိုလ်၏ ( ၂၅ )ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်နည်းပညာတက္ကသိုလ်၏ ( ၂၅ )ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ


MNP ၊ ဒီဇင်ဘာ ၁၁

တပ်မတော်နည်းပညာတက္ကသိုလ်၏ (၂၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အေးမင်းဦး၊  တပ်မတော်နည်းပညာတက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချုပ် သောင်းနိုင်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များ ဘွဲ့နှင်းသဘင်ခန်းမရှိ သတ်မှတ်နေရာများတွင် နေရာယူ ကြပြီးနောက် နိုင်ငံတော်သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖွင့်လှစ်သည်။

ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူ မည့်သူများ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို လိုက်နာကျင့်သုံးရန် ကတိခံဝန်မှု ပြုခြင်းကို ဆောင်ရွက်ကြသည်။

ဆက်လက်၍ ပါမောက္ခချုပ်က  ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅)မှ အင်ဂျင်နီယာဘွဲ့ရရှိသူ ၁၁၈ဦး၊ မဟာအင်ဂျင်နီယာဘွဲ့သင်တန်းအမှတ်စဉ်(၁၃)မှ မဟာအင်ဂျင်နီယာဘွဲ့ရရှိသူ သင်တန်းသားအရာရှိ ၃၆ဦး၊ အင်ဂျင်နီယာပညာ သင်ကြားရေးဒီပလိုမာသင်တန်းအမှတ်စဉ်(၈)မှ အင်ဂျင်နီယာပညာသင်ကြားရေး ဒီပလိုမာရရှိသူ သင်တန်းသားအရာရှိ ၁၄ဦးနှင့် အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာ သင်တန်းအမှတ်စဉ်(၆)မှ အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာရရှိသူ သင်တန်းသား အရာရှိ ၆၉ ဦး စုစုပေါင်း ၂၃၇ဦးတို့အား ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။   

ယင်းနောက် ပါမောက္ခချုပ်က ဘွဲ့ရရှိသူများအား ဘွဲ့များနှင့်လျော်ညီသော အမှတ်လက္ခဏာဖြစ်သည့်ဝတ်စုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးသည်။

၎င်းနောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားပြီး အခမ်း အနားကို ရုပ်သိမ်းကြောင်း ကြေညာကာ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင် ခန်းမမှ ပြန်လည်ထွက်ခွာသွားကြသည်။

တပ်မတော်နည်းပညာတက္ကသိုလ် အနေဖြင့် ပထမအကြိမ် ဘွဲ့နှင်းသဘင်မှ ယခု (၂၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အထိ  အင်ဂျင်နီယာဘွဲ့ရအရာရှိ ၇၆၄၀ဦး၊ အင်ဂျင်နီယာမဟာဒဿနဘွဲ့ရ ၅ဦး၊ အင်ဂျင်နီယာပညာသင်ကြားရေးဒီပလိုမာ ဘွဲ့ရ ၁၂၀ဦး၊ အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာဘွဲ့ရ ၄၄၃ဦး၊ မဟာအင်ဂျင်နီယာ ဘွဲ့ရ ၆၁၀ဦးနှင့် အင်ဂျင်နီယာပါရဂူဘွဲ့ရ ၁၃၆ဦး ကိုမွေးထုတ်ပေးနိုင်ခဲ့ပြီး ဂုဏ်ထူးဆောင်အင်ဂျင်နီယာပါရဂူဘွဲ့ရ ၂ဦး ကိုလည်း ဘွဲ့များအပ်နှင်းပေးနိုင်ခဲ့ ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)