ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ဘုရားများကို ပျက်စီးစေမည့် ကပ်ပါးပင်များအား ရှင်းလင်းမှု လုပ်ဆောင်နေ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ဘုရားများကို ပျက်စီးစေမည့် ကပ်ပါးပင်များအား ရှင်းလင်းမှု လုပ်ဆောင်နေ

001

MNP ၊ ဒီဇင်ဘာ ၂၄

ပြည်တွင်း၊ ပြည်ပခရီးသွားများအကြား စိတ်ဝင်စားမှုအများဆုံးရရှိရာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ဘုရားများကို ပျက်စီးစေမည့် ကပ်ပါးပင်များအား ရှင်းလင်းမှုလုပ်ဆောင်နေရာ ပထမအဆင့်အနေဖြင့် ရာခိုင်နှုန်းအတော်များများ ပြီးစီးနေပြီဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ဆိုသည်။

ထိုသို့ ဘုရားများတွင် တွယ်ကပ်ပေါက်ပွားနေသည့် ကပ်ပါးပင်များကို ရှင်းလင်းရာတွင် ဧရိယာ ၁၁ ခု သတ်မှတ်ကာ ရှင်းလင်းနေခြင်းဖြစ်ပြီး ရာသီဥတုပြောင်းလဲခြင်းနှင့် မိုးများခဲ့ခြင်းကြောင့် အပင်များပေါက်ရောက်မှုမှာ ပိုမိုများပြားခဲ့ကြောင်း သိရသည်။

“အခုကအပေါ်ပိုင်းတွေကို ရှင်းလင်းတာက ဧရိယာ ၁၁ ခုရှိတယ်။ တော်တော်ရှင်းလင်းပြီးသွားပြီ။ သိပ်တောင်မကျန်တော့ဘူး။ အဓိကကတော့ ပုဂံကိုဝင်လာတဲ့ အဓိကလမ်းသုံးခုရဲ့ လမ်းဘေးဝဲယာ ဘုရားတွေကို ပထမဦးစားပေးပေါ့။ ပြီးတော့တောထဲမှာရှိတဲ့ ဘုရားတွေရဲ့ အပေါ်ပိုင်းတွေမှာ လုပ်နေတယ်”ဟု ၎င်းက ပြောသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပထမအဆင့်အနေဖြင့် အပင်များကို ခုတ်ထွင်ရှင်းလင်းခြင်းဖြစ်ပြီး ထို့နောက် အပင်အမြစ်များကို ဓာတုဗေဒဆေးရည်ထိုးသွင်းကာ သတ်ခြင်း၊ အမြစ်များတိုးဝင်ခဲ့သည့် နေရာများမှ မိုးရေယိုစီးခြင်းမဖြစ်ရန်ပိတ်ခြင်းစသည့် အဆင့်လေးဆင့်ခန့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။ “ကပ်တွယ်နေတဲ့ အပင်တချို့က နွေရောက်တဲ့အခါ ခြောက်ပြီးတော့ သူ့ဘာသာကွာကျသွားတာ။ ရေညှိတွေလည်း ကွာကျသွားတာ။ အန္တရာယ်ရှိတာက ညောင်ပင်ပေါ့။ ညောင်ပင်ကိုတော့ အဓိကပေါ့”ဟု ဦးကျော်မျိုးဝင်းက ပြောသည်။


 MT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages