အမ်းမြို့၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်ကျား/မ အခြေပြု အကြမ်းဖက်မှု အသိပညာပေးသင်တန်းပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်ကျား/မ အခြေပြု အကြမ်းဖက်မှု အသိပညာပေးသင်တန်းပို့ချ

MNP- ဒီဇင်ဘာ ၇

ရခိုင်ပြည်နယ်၊ အမ်းမြို့တွင်အမျိုးသမီးများအပေါ်အကြမ်း ဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် ကျား/မ အခြေပြု အကြမ်းဖက်မှု အသိ ပညာပေးသင်တန်းပို့ချခြင်းကိုယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က လေယဉ်ကွင်းရပ်ကွက် မြို့ဦးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါသင်တန်းတွင် မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်‌ရေးအသင်းဥက္ကဋ္ဌ ကိုယ်စား အဖွဲ့ဝင်တစ်ဦးက ရပ်ကွက်နေပြည်သူ များနှင့် ကျောင်းသား/သူများ အား အမျိုးသမီးများအပေါ် အ ကြမ်း ဖက်မှုပပျောက်ရေး(၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအ မှတ်ကို ကမ္ဘာတစ်ဝန်း မှာလည်း နှစ်စဉ်ကျင်းပလျက်ရှိပြီးတော့ မြန်မာနိုင်ငံမှာလည်း (၁၆)ရက်တာ လှုပ်ရှားမှုကို နှစ်စဉ်ကျင်းပ ဆောင်ရွက်လျက်ရှိပါကြောင်း၊

အမျိုးသမီးများအပေါ်အကြမ်း ဖက်မှုသည် အိမ်တွင်းအကြမ်း ဖက်မှုမှစ၍ လုပ်ငန်းခွင်များတွင်လည်းကောင်း၊ Online များမှလည်းကောင်း မတူညီသော ပတ်ဝန်းကျင်နေရာဒေသအလိုက် ဖြစ်ပွားလျက်ရှိပြီး အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုများ သည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ပါကြောင်း၊ အမျိုး သမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု တား ဆီးကာကွယ်ရေးအတွက် ပညာ ရေး၊ ကျန်းမာရေး၊ ဥပဒေပြုရေး ကဏ္ဍများတွင် လူအင်အား၊ ငွေအင်အား၊ အသိပညာအင်အားများဖြင့် ပါဝင်ရင်းနှီးမြှုပ် နှံကြရပါမည်ဖြစ်ကြောင်း၊အမျိုးသမီးများအားခွဲခြားမှုသည် အခွင့်အ ရေးများ တန်းတူရရှိရေးနှင့် လူ့ဂုဏ်သိက္ခာလေးစားရေးမူများကို ချိုးဖောက်ခြင်းဖြစ်ပြီး နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ် ကျေးမှုဘဝနယ်တို့၌ အမျိုးသားများနှင့် တန်းတူရည်တူ အမျိုး သမီးများ ပါဝင်ဆောင်ရွက်ခြင်းကို အဟန့်အတားဖြစ်စေသည့်အပြင် လူ့အဖွဲ့အစည်းနှင့် မိသား စုကြီးပွားချမ်းသာမှု တိုးတက်ခြင်းကို တားဆီးလျက် ရှိကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ‌ဒုတိယဦးစီးမှူး ဦးလှောင်က အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုပပျောက်ရေး(၁၆) ရက်တာ လှုပ်ရှားမှုအကြောင်း၊ အခြေခံ သဘောတရားများနှင့် အဓိပ္ပာယ်၊ ကျား/မ ရေးရာ စံနှုန်းများ၊ အခွင့်အလမ်း မတူညီမှု၊ လုပ်ပိုင်ခွင့်အာဏာနှင့် လူမှုရေးအရ ခွဲခြားသတ်မှတ်သည့် ကျား/မ ရေးရာ စံနှုန်းများအပေါ် အခြေခံ၍ တစ်ဦးတစ်ယောက်၏ စိတ်ဆန္ဒကို ဆန့်ကျင်လျက် ထိခိုက်နစ်နာစေရန်အတွက် ကျူးလွန်သည့် အပြုအမူများကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပုံစံ အမျိုးမျိုးမှ တားဆီး ကာကွယ်ပေးရန် စသည့်အ‌ကြောင်းအရာတို့ကို အသိပညာ‌ပေးသင်တန်းပို့ချခဲ့သည်။ ထို့နောက် ကျား/မ ရေးရာ အခြေပြု အကြမ်းဖက်မှု ပတ် သက်သည့် အ‌ကြောင်းအရာများ အား ကျောင်းသား၊ ကျောင်းသူများနှင့် အမေး၊ အဖြေ ကဏ္ဍများ ပြုလုပ်ခဲ့သည်။

ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်‌ရေးအသင်း အဖွဲ့ဝင်များက ကျောင်းသားကျောင်း သူများအား  အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အသိပညာပေး လက်ကမ်းစာများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။







https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)