ပြည်ဖျက်မိစ္ဆာများနဲ့ ထပ်တူ စက်သုံးဆီ တိုးနေကြတဲ့ နီပိန်း အကြမ်းဖက်ဝါဒီ ပီသူတွေ ပျော်ပါစေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ဖျက်မိစ္ဆာများနဲ့ ထပ်တူ စက်သုံးဆီ တိုးနေကြတဲ့ နီပိန်း အကြမ်းဖက်ဝါဒီ ပီသူတွေ ပျော်ပါစေ


ဒီကာလအတွင်းမှာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေ ဟာ ပြည်သူလူထုရဲ့ နေ့စဉ်လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်နမှာကို မလိုလားတဲ့အတွက် အဖျက်အမှောင့် လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကြတာကိုတော့ ပီသူ လူထုကြီး သိပါတယ်နော်။

ကုန်ဈေးနှုန်း တည်ငြိမ်မှာကိုလည်း မလိုလားဘူး။ ငွေကြေးဈေးကွက် တည်ငြိမ်နေမှာကိုလည်း မလိုလားဘူး။ စက်သုံးဆီဈေးနှုန်းတွေ တည်ငြိမ်နေမှာကိုလည်း မလိုလားဘူး။ ပြည်သူလူထုဘဝ အဆင်ပြေချောမွေ့နေတဲ့ ကိစ္စမှန်သမျှ ဘာဆို ဘာမှ မလိုလားကြောင်း ပြောခဲ့တာတွေ၊ လုပ်ခဲ့တာတွေ သိကြတယ်ဟုတ်။

ပီသူ ပီသူ လို့ အော်လေ့ရှိကြတဲ့ ပီသူ လူထုကြီးထဲမှာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာနိုင်ငံရေးလုပ်စားသူတွေ၊ ပြည်ဖျက်မီဒီယာတွေနဲ့ တသားတည်း ရပ်တည်ပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေကြတဲ့ နီပိန်း ပြည်သူလူထုကြီးလည်း ရှိတယ်မဟုတ်လား။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေကို အားပေးထောက်ခံတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ ခိုင်းစေသမျှ တိုင်းဖျက် ပြည်ဖျက် အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်ကြတယ်။ မြို့ရွာတွေကို ဖျက်ဆီးပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲတယ်လို့ ပျော်ပျော်ကြီး ကြွေးကြော်နေကြတယ်။

အများပြည်သူ အတိဒုက္ခစေမယ့် အလုပ်တွေကို အစိုးရနဲ့ တပ်မတော်က လုပ်ဆောင်နေတာလား။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေနဲ့ သူတို့ကို ထောက်ခံအားပေးတဲ့ နီပိန်း အကြမ်းဖက်ဝါဒီ ပြည်သူတွေက တသားတည်း ရပ်တည်ပြီး ဆောင်ရွက်ခဲ့ကြတယ် မဟုတ်ပါလား။

ကရင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေဖို့ နစကအစိုးရက လုပ်ဆောင်နေတာလား၊ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေက လုပ်ဆောင်နေတာလား၊

မွန်ပြည်နယ်အတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာ နစကအစိုးရလား၊ NUG အကြမ်းဖက်အဖွဲ့နဲ့ အပေါင်းအပါတွေလား၊

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သံဃာတော်တွေ၊ ဆရာ/ဆရာမတွေနဲ့ ကိုယ့်ရွာသူရွာသားအချင်းချင်း ဖမ်းဆီးသတ်ဖြတ် မြို့ရွာတွေကို ဖျက်ဆီးတဲ့ လုပ်ရပ်တွေကို နစကအစိုးရက လုပ်နေတာလား၊ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့နဲ့ အပေါင်းအပါတွေက လုပ်ဆောင်နေသလား၊

ချင်းပြည်နယ်မှာ မြို့ရွာတွေ ပျက်စီးအောင် နစကအစိုးရက လုပ်ဆောင်ခဲ့တာလား၊ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့နဲ့ အပေါင်းအပါတွေက လုပ်ဆောင်နေသလား၊

ကယားပြည်နယ်မှာ ဆရာ/ဆရာမတွေကို ဖမ်းဆီသတ်ဖြတ် မြို့ရွာတွေကို ဖျက်ဆီးတဲ့ အလုပ်ကို နစကအစိုးရက လုပ်ဆောင်ခဲ့တာလား၊ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့နဲ့ အပေါင်းအပါတွေက လုပ်ဆောင်နေသလား၊

ရှမ်းပြည် (မြောက်ပိုင်း)မှာ လမ်းတံတားတွေ၊ လျှပ်စစ်ဓာတ်အားပေးရုံတွေ ကို ဖျက်ဆီးနေတာ နစကအစိုးရလား၊ ပြည်ဖျက်မိစ္ဆာ NUG နဲ့ အပေါင်းအပါအတွေလား၊

တည်ငြိမ်အေးချမ်းနေတဲ့ ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် နစကအစိုးရက လုပ်နေတာလား၊ ပြည်ဖျက်မိစ္ဆာတွေနဲ့ ပူးပေါင်းပြီး AA က လုပ်ဆောင်နေတာလား၊

အထက်ပါ မေးခွန်းများကို မှန်ကန်စွာ ဖြေဆိုရဲတဲ့ သတ္တိရှိတယ်ဆိုရင် ပီသူလူထုကြီးက မိမိတို့ရဲ့ နေ့စဉ်လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းမှု ရဖို့က နစကအစိုးရကို ဖောင်းထုနေရမှာလား၊ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေနဲ့ အကြမ်းဖက်သောင်းကျန်းသူများကို ဆန့်ကျင်ရမှာလားဆိုတာ ကွဲကွဲပြားပြား နားလည်ပါလိမ့်မယ်။

ပီသူ လူထူကြီးကို နိုင်ငံရေးမှိုင်းတိုက်ပြီး ပြည်ပနိုင်ငံများ၊ ပြည်ပအဖွဲ့အစည်းများရဲ့ အထောက်အပံ့တွေနဲ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ပြီး ကိုယ်ကျိုးရှာနေကြတဲ့ ပြည်ဖျက်မိစ္ဆာတွေကိုပဲ ယုံကြည်အားကိုးပါတယ်ဆိုရင်ဖြင့် -

ဆီတိုးနေလိုက်ကြအုံး -

ကျောင်းမတက်နဲ့ ကျောင်းထွက်လို့ လိုက်အော်နေလိုက်ကြအုံး -

နစကကို စကစလို့ ခေါင်းစဉ်တပ်ပြီး ဆဲဆိုနေလိုက်ကြအုံး -

ပြည်သူလူထု နေ့စဉ်လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းအောင် အစိုးရနဲ့ ပြည်သူ ပူးပေါင်းဖော်ဆောင်ကြရမယ်။ အစိုးရက တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေတဲ့ နေရာမှာတော့ အားဖြည့် ကူညီရကောင်းမှန်း မသိဘူး။ ပြည်ဖျက်မိစ္ဆာတွေရဲ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ငန်းများမှာတော့ စိတ်ရောကိုယ်ပါ ပူးပေါင်း လုပ်ဆောင်နေတယ်ဆိုတော့ ခင်ဗျားတို့တွေ အနေနဲ့ ပြည်သူ ဆိုတဲ့ စကားကို ခုတုံးမလုပ်ပါနဲ့။ 

ကျွန်ုပ်တို့သည် အကြမ်းဖက်ဝါဒီ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများကို အားပေးထောက်ခံသော နေ့စဉ်လူမှုစီးပွား ဘဝတွင် အတိဒုက္ခရောက်အောင် ပူးပေါင်းလုပ်ဆောင်နေသော ဝိသမလောဘသားများနှင့် အကြမ်းဖက်အားပေး ပီသူ များ ဖြစ်ကြပါသည်။ ပြည်ဖျက်မိစ္ဆာတွေ ကောင်းစားစေဖို့ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သည့် နီပိန်း အကြမ်းဖက်ဝါဒီ ပီသူများ ဖြစ်ကြပါသည် ဆိုတဲ့ ဂါထာကို နေ့စဉ် နံနက်၊ နေ့လည်၊ ည သုံးခေါက်လောက် အသိမှန် အမြင်မှန် ရလာသည်အထိ တစ်လတိတိ ရွတ်ဆိုပွားများကြစေကုန်သတည်း။


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)