ရွှေတောင်မြို့နယ်တွင် (တတိယပတ်) ဒီဇင်ဘာလလူထုအားကစားစုပေါင်းလမ်းလျှောက်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် (တတိယပတ်) ဒီဇင်ဘာလလူထုအားကစားစုပေါင်းလမ်းလျှောက်ပွဲကျင်းပ



MNP ၊  ဒီဇင်ဘာ ၁၆

      ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဒီဇင်ဘာလ (တတိယပတ်) လူထုအားကစားစုပေါင်းလမ်းလျှောက်ပွဲကိုယနေ့ နံနက် ( ၅း၀၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှစတင်၍ ရွှေတောင်မြို့နယ် ၊ကြာနီကန်ရပ်ကွက်၊ မြို့ဝင်တိုးဂိတ်အထိစုပေါင်းလမ်းလျှောက်ပွဲကျင်းပခဲ့သည်။

      အဆိုပါ ဒီဇင်ဘာလလူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများ၊ မြို့ပေါ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့များနှင့် ပြည်သူလူထုများ စုစုပေါင်း အင်အား ( ၃၈၅) ဦးခန့်စုပေါင်းလမ်းလျှောက်ခဲ့ကြပြီးကိုယ်လက်လှုပ်ရှားအားကစားများကိုစုပေါင်းလုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။

ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)