MNP ၊ ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ အခြေခံပညာမူလတန်းကျောင်း(တာကွန်)သို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာများအပြင် ပြင်ပအသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ဒီဇင်ဘာ ၄ ရက်နေ့ နေ့လည် (၁)နာရီ အချိန်ခန့်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ကွင်းဆင်း၍ ဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးစိုင်းသီဟထွန်းက ကျောင်းသား၊ ကျောင်းသူများအား အမျိုးသားနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာများ၊ မူးယစ်ဆေးဝါးဆိုင်ရာအကြောင်းအရာများနှင့် စာပေဖတ်မှတ်လေ့လာမှုအကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ ဒေသဖွံ့ဖြိုးရေးမှတ်တမ်း နံရံကပ်ဓာတ်ပုံများကို ကျောင်းသားကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သီဟ
https://t.me/MyanmarNationalPost
No comments:
Post a Comment