ရှမ်းပြည် (မြောက်ပိုင်းတွင်) အကြမ်းဖက်သမားများ ဖျက်ဆီးသွားသော လျှပ်စစ်ဓာတ်အားလိုင်းများအား ပြုပြင်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည် (မြောက်ပိုင်းတွင်) အကြမ်းဖက်သမားများ ဖျက်ဆီးသွားသော လျှပ်စစ်ဓာတ်အားလိုင်းများအား ပြုပြင်လျက်ရှိ



MNP ၊ ဒီဇင်ဘာ ၁၂

ရှမ်းပြည် (မြောက်ပိုင်း)တွင် ဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း လျှပ်စစ်ဓာတ်အား တာဝါတိုင်များ၊ သွယ်တန်းထားသည် ဓာတ်အားလိုင်းများကို အကြမ်းဖက်အဖွဲ့များက ဖျက်ဆီးသွားသဖြင့် ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယနေ့ ကျောက်မဲ-သီပေါ ကြား မီးလိုင်း အခြေအနေ နှင့် ပတ်သက်၍ 33KV လိုင်း ပြုပြင်ရာမှာ ကျောက်မဲမှ သီပေါမြို့နယ်၊ နမ့်ဟူးနွဲ့ကျေးရွာ အထိ ပြုပြင်ပြီး ဖြစ်ကြောင်း၊ သီပေါ ခွဲရုံမှ ဟိုဖိတ် ကျေးရွာ အထိ လည်း လိုင်းအပြစ်မရှိဘဲ နမ့်ဟူးနွဲ့နှင့် သီပေါတိုးဂိတ် အကြားတွင် ပြင်ရန် ကျန်ရှိနေသေးကြောင်း၊ အခြေအနေအရ ပြင်ဆင်နိုင်ခြင်း မရှိသေး၍ ညနေ (၃)နာရီတွင် ပြင်ဆင်ရေးအဖွဲ့များ ကျောက်မဲသို့ ပြန်ခဲ့ရပြီး ကျောက်မဲမြို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေကြောင်း သိရသည်။

အလားတူ ရွှေစာရံ-ရွှေလီ မဟာ ဓါတ်အားလိုင်းမှာလည်း ကြိုးတစ်ကြိုး ဖွာနေ၍ ကြိုးပြန်ချ ပြန်လုပ်နေရသဖြင့် ၈၀ ရာခိုင်းနှုန်းသာ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပြီး မနက်ဖြန် အပြီးလုပ်ဆောင် သွားမည်ဟု သိရပါသည်။

ကျောက်မဲ-သီပေါ 33KV လိုင်းအပြစ်ဖြစ်ရာ ဟိုဖိတ်ကျေးရွာနား ပြင်ဆင်နိုင်ခြင်း မရှိသေးပါက ကျောက်မဲ မီးရရှိရန် ခေတ္တစောင့်ဆိုင်းနေရအုံးမည် ဖြစ်ကြောင်း၊ မန်စံ - ရွှေစာရံ ဓါတ်အားလိုင်း(230KV) (Line 1) ပြုပြင်ခြင်းလုပ်ငန်း ၁၀၀% ပြီးစီးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့ပေါ် ရပ်ကွက်များ လျှပ်စစ်မီး ပြန်လည်ရရှိနေပြီး လျှပ်စစ်ပစ္စည်းများအား တစ်ပြိုက်နက် စုပုံသုံးစွဲခြင်းအားဂရုပြုဖို့လိုအပ်ကြောင်း အသိပေးရေးသားဖော်ပြထားသည်။

နောင်ချိုမြို့နယ်သို့ ဓါတ်အားဖြန့်ဖြူးပေးထားသော (33/11)kV (10MVA) ရွှေညောင်ပင်ဓါတ်အားခွဲရုံရှိ Main Power Transformer Radiator အား ၁၂.၁၂.၂၀၂၃ရက်နေ့တွင် အပေါက်ဖာထေးပြုပြင်ပြီး ဆီဖြည့်ခြင်းလုပ်ငန်းနှင့် လိုင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။


Photo - ကမ်းလင့်လက်များနာရေးကူညီမူအသင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)