ဇီးကုန်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြော - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဇီးကုန်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြော

MNP ၊ဒီဇင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီကုန်းမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း (ဘုရားကြီးရပ်)၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဇီးကုန်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်ကေခိုင်က အမှာစကားပြောကြားခဲ့ သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက "စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး" ခေါင်းစဉ်ဖြင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူး များကို လည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ပပဝင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှုနှင့် ပတ်သက်၍ ရည်ရွယ်ချက်၊ အကြမ်းဖက်မှုဖြစ်ပေါ်ရ သည့် အကြောင်းရင်းများ၊ အကြမ်းဖက်ခံရသူများအား လူမှုဝန်ထမ်းဦးစီဌာနမှ ကူညီဆောင်ရွက်ပေးမှု အစီအစဉ်များနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးမှုများကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲအုပ် အေးစန္ဒာက မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါး အမျိုးအစားများအကြောင်းနှင့် ဆိုးကျိုးများကို လည်းကောင်း၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအတွက် လူကုန်ကူးမှုဖြစ်စဉ်များ၊ ဖြစ်ပွားနိုင်သည့်အကြောင်းရင်းများ၊ ဆောင်ရန် ရှောင်ရန် အချက်များအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင် များ ဖြန့်ဝေပေးခဲ့သည်။

28

29

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော  အသိပညာပေးနံရံကပ် စာစောင်များကို ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ‌ကျောင်းသားမိဘများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


တင့်ဆွေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages