လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ သောကြာနေ့စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ သောကြာနေ့စကားဝိုင်း ကျင်းပ



MNP ၊ ဒီဇင်ဘာ ၂၃

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း အမှတ်စဉ် (၄၁) ကို ယမန်နေ့က ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက “ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဖွင့်လှစ်သည့် မြန်မာနိုင်ငံအတွက် ပေးအပ်သော တရုတ်နိုင်ငံ၏အကူအညီဆိုင်ရာ သီအိုရီနှင့် လက်တွေ့လုပ်ငန်းစဉ်များ” သင်တန်းတက်ရောက်ခဲ့မှုကို မျှဝေဆွေးနွေးမည်ဖြစ်၍ မိမိတို့ဝန်ကြီးဌာနနှင့် တိုက်ရိုက်သက်ဆိုင် သည့်အပြင် အရာထမ်းနှင့် အမှုထမ်းများအားလုံး သိရှိနားလည်သင့်သည့် ခေါင်းစဉ်ဖြစ်ကြောင်း၊ ယခုဆွေးနွေးမှုမှတစ်ဆင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားအကူအညီအထောက်အပံ့မူဝါဒများ၊ သီအိုရီနှင့် အတွေ့အကြုံများကို သိရှိနားလည်ကာ မိမိနိုင်ငံအတွက် ထိရောက်သောအကူအညီများ ဖြစ်စေရေး စံသတ်မှတ်ချက် (Standard Operating Procedures-SOP) များ လက်တွေ့ချမှတ်ဆောင်ရွက် နိုင်မည်ဖြစ်သည့်အတွက် ထိရောက်အကျိုးရှိသော ဆွေးနွေးမှုဖြစ်စေရေး ပါဝင်ဆွေးနွေးကြရန် ပြောကြားသည်။

ထို့နောက် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မို့မို့သီက “မြန်မာနိုင်ငံအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံခြားအကူအညီဆိုင်ရာ သီအိုရီနှင့် လက်တွေ့လုပ်ငန်းစဉ်ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့သည့်အပေါ် အသိပညာမျှဝေခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားသည်။

ယင်းနောက် တက်ရောက်လာသူများက မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ပေးအပ်လျက်ရှိသော ဘဏ္ဍာရေးအရင်းအမြစ် အကူအညီအထောက်အပံ့နှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တရုတ်နိုင်ငံ၏ အကူအညီအထောက်အပံ့မူဝါဒ၊ သက်သာသောချေးငွေနှင့် ဦးစားပေးဝယ်သူ့ချေးငွေတို့နှင့်စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းဆွေးနွေး ကြသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/အမှုထမ်းများ တက်ရောက်ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)