ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တစ်ပတ်အတွင်း ပြည်ပနိုင်ငံသား ၂၃၂ ဦးဝင်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တစ်ပတ်အတွင်း ပြည်ပနိုင်ငံသား ၂၃၂ ဦးဝင်ရောက်




MNP ၊ ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်မှုများပြားလျက်ရှိရာ ဒီဇင်ဘာ ပထမပတ်အတွင်း ပြည်ပနိုင်ငံသားခရီးသွားဝင်ရောက်မှု များပြားလာနေပြီဖြစ်ကြောင်း သိရ သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်းခရီးသွားများ အမြဲလာရောက်လည်ပတ်လျက်ရှိ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် နေ့ချင်းပြန်ခရီးသွားဘုရားဖူးများ လာရောက်လည်ပတ်မှု များပြားလျက်ရှိပြီး ဒီဇင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ ၇ ရက်အထိ ပြည်ပနိုင်ငံသားခရီးသွားများ ၂၃၂ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဘုရားစေတီပုထိုး၊ သာသနိကအဆောက်အအုံ ၃၈၂၂ ဆူရှိနေပြီး ရှေးဟောင်းနံရံဆေးရေးပန်းချီရှိသည့်ဘုရားများ၊ တည်ဆောက်ပုံမတူညီသည့် ဘုရားအစုအဝေးများကိုလည်း လေ့လာလိုသည့် ပြည်တွင်း/ပြည်ပနိုင်ငံသားများအား လာရောက်လေ့လာရန်ဆွဲဆောင်နေကြောင်း၊ ပုဂံရှေးဟောင်းနယ်မြေအတွင်း နေထွက်၊ နေဝင်ကြည့်ရှုနိုင်ရန် တောင်းကုန်းတုများဖန်တီးပေးထားပြီး၊ ငှက်ဝါသနာရှင်များ ရှားပါးငှက်များ ကြည့်ရှုနိုင်ကြောင်းလည်း သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)