ကျောက်တန်းမြို့နယ်၊ ချောင်းစောက်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တန်းမြို့နယ်၊ ချောင်းစောက်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးကြည့်ရှု

 

MNP ၊ဒီဇင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ချောင်းစောက်ကျေးရွာတွင် ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်အထိ စီမံကိန်းစက်ဝန်း ၁၀ ကြိမ် မြောက် လည်ပတ်လျက်ရှိရာ စိုက်ပျိုးရေး ၁၄၁ ဦး၊ မွေးမြူရေး ၃၅ ဦး၊ အသက်မွေးဝမ်းကျောင်း ၄၀ ဦး စုစုပေါင်း ၂၁၆ ဦးအား ငွေကျပ် ၄၅.၃၀ ကျပ်သန်း ထုတ်ချေးထားပြီးဖြစ်သည်။ ချောင်းစောက်ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ ၃ နှစ်ပြည့်ပြီးဖြစ်သောကြောင့် စီမံကိန်းလုပ်ငန်းအဖွဲ့အသစ် ပြန်လည်ဖွဲ့စည်းခြင်းအား ကျောက်တန်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါ်ရီရီခိုင်နှင့် စီမံကိန်းဝန်ထမ်းများမှ ဒီဇင်ဘာလ ၂၂ ရက် နေ့တွင် ကျေးရွာသူ/ကျေးရွာသားများ၏ သဘောဆန္ဒနှင့် အညီ ချောင်းစောက် ကျေးရွာမြစိမ်း ရောင်ကျေးရွာစီမံကိန်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး ခဲ့သည်။

ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာ ၄၂ ရွာ၊ ၄၀ ယူနစ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အရောင်းအဝယ်၊ အသေးစားစက်မှုလက်မှု လုပ်ငန်း၊ အသက်မွေး၀မ်းကျောင်းလုပ်ငန်းများဖြင့် စုစုပေါင်းဦးရေ ၇၈၈၉ ဦးအား နိုင်ငံတော် ထောက်ပံ့ငွေကျပ် ၁၂၀၀.၀ သန်းနှင့် ယနေ့အချိန်ထိ အတိုးရငွေကျပ် ၁၃၉၆.၈၆၂၇၃၄ သန်း လည်ပတ်ဆောင်ရွက်လျက်ရှိပြီး မြစိမ်းရောင်စီမံကိန်းအတိုးနှုန်း သက်သာစွာဖြင့် တစ်ပိုင်တစ်နိုင် ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ပါသဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)