မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ဒုတိယနေ့ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ဒုတိယနေ့ကျင်းပ




MNP ၊ ဒီဇင်ဘာ ၇

မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂(MICC-2) ၌ ဒုတိယနေ့ ဆက်လက်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းနှင့်အဖွဲ့သည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပိုစတာ(၂၇)စောင်ကို ကြည့်ရှုအား ပေးရာ စာတမ်းရှင်များက ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတကာမှ ပြည်သူ့ကျန်းမာရေးပညာရှင်များနှင့် နေ့လည်စာအတူတကွသုံးဆောင်ပြီး ပညာရှင်များအား နှီးနှောဖလှယ်ပွဲအမှတ်တရ လက်ဆောင်များ ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ ကျန်းမာရေးသတင်းအချက်အလက်များ ဆက်သွယ်ဆောင်ရွက်မှုလုပ်ငန်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းဆိုင်ရာ ခေတ်မီ IT နည်းပညာများ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဆွေးနွေးမှာကြားသည်။

နံနက်ပိုင်းတွင် ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကူးစက်ရောဂါများ ကာကွယ်ထိန်း ချုပ်နိုင်ခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့်ပတ်သက်သည့် Best Practices on effective immunization, communicable diseases prevention and control towards healthy nation ခေါင်းစဉ်ဖြင့် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကိုကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက သဘာပတိအဖြစ်ဆောင်ရွက်ပြီး နီပေါနိုင်ငံမှ Dr Krishna, Prasad Paudel, Ministry of Health and Population၊ ဗီယက်နမ်နိုင်ငံမှ Dr. Hoang Khanh Chi, HIV Program Director at IRD နှင့် ပြည်တွင်း ပြည်သူ့ကျန်းမာရေးပညာရှင် (၃)ဦး တက်ရောက် ဆွေးနွေးကြပြီး၊ အိန္ဒိယနိုင်ငံမှ Dr Asha Hegde, Director, HIV/Hepatitis/COVID, South East Asia, PATH နှင့် ကနေဒါနိုင်ငံမှ Dr. Anurag Bhargawa, Strategic and Technical Advisory Group on TB for WHO တို့က Virtual စနစ်ဖြင့် တက်ရောက်ဆွေးနွေးသည်။

ထို့နောက် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများကို အခန်း(၃)ခန်းခွဲ၍ ကျင်းပရာ အခန်း(၁)တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမြင့်မြင့်သန်း က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md Monwar Hossain က တွဲဘက်သဘာပတိအဖြစ်ဆောင်ရွက်သည့် ပြည်သူလူထုဗဟိုပြု ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုများဆိုင်ရာ People centered public health services: Role of multi-stakeholders and community empowerment ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲ တွင် ဘင်္ဂလားဒေရှ့်နိုင်ငံမှ Dr. Farzana Islam, Bangladesh University of Professionals (BUP) နှင့် ပြည်တွင်းမှ ပြည်သူ့ကျန်းမာရေး ပညာရှင်(၆)ဦးတို့က ဆွေးနွေးတင်ပြသည်။

အခန်း (၂) တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစုစုဒွေးက သဘာပတိအဖြစ်ဆောင်ရွက်သည့် အိပ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ် ရောဂါအဆုံးသတ်ဖို့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စို့ (Join Hands for ending HIV/AIDS) ခေါင်းစဉ်ဖြင့်ကျင်းပသည့် ဆွေးနွေးမှုတွင် အိန္ဒိယနိုင်ငံမှ Dr. Bitra George, International Expert၊ ပြင်သစ် နိုင်ငံမှ Ms. Lydie Pak, Harm Reduction Advisor, MDM တို့နှင့် ပြည်တွင်းမှ ပြည်သူ့ကျန်းမာရေး ပညာရှင်(၃)ဦးက တက်ရောက်ဆွေးနွေးသည်။

အခန်း(၃)တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး/ ကူးစက်)၊ ဒေါက်တာထွန်းတင်က သဘာပတိအဖြစ်ဆောင်ရွက်သည့် ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားစဉ် ကာလတွင် နိုင်ငံဖြတ်ကျော်ဝင်ပေါက်များတွင် ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းနှင့် တုန့်ပြန်ဆောင်ရွက်ခြင်း အတွေ့အကြုံများနှင့်ပတ်သက်သည့် Experiences and lessons learnt in Point-of-Entry surveillance and response in pandemic ခေါင်းစဉ်ဖြင့်ဆွေးနွေးရာ ပြည်တွင်းမှ ပြည်သူ့ ကျန်းမာရေးပညာရှင်(၅)ဦးက တက်ရောက် ဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် ဆွေးနွေးပွဲများကို အခန်း(၃)ခန်းခွဲ၍ကျင်းပရာ အခန်း(၁)တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ)၊ ဒေါက်တာ သီရိနွယ်က သဘာပတိအဖြစ် ဆောင်ရွက်သည့် ကျန်းမာသော လူထုပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင်ဆိုင်ရာ Living in a multi-polluted world: Creating healthy community and workplace ခေါင်းစဉ် ဖြင့် နီပေါနိုင်ငံမှ ပြည်သူ့ကျန်းမာရေးပညာရှင် Mr. Upendra Dhungana, Ministry of Health and Population နှင့် ပြည်တွင်းမှပညာရှင် (၃)ဦးမှ ဆွေးနွေးပြီး၊ မော်လဒိုက်နိုင်ငံမှ Mr. Mohamed Rasheed, Chairperson, Water Care မှ Virtual စနစ်ဖြင့် တက်ရောက်ဆွေးနွေးသည်။

အခန်း(၂)တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါ နှိမ်နင်းရေး)၊ ဒေါက်တာကျော်ကံကောင်းက သဘာပတိအဖြစ်ဆောင်ရွက်သည့် တီဘီရောဂါအဆုံးသတ်ရေး Towards End TB: Epidemiology, Clinical and Public Health Directions ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုတွင် ပြည်တွင်းမှ ပြည်သူ့ကျန်းမာရေးပညာရှင်(၅)ဦးက တက်ရောက်ဆွေးနွေးသည်။

အခန်း(၃)တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခဒေါက်တာခင်ဇော်က သဘာပတိအဖြစ်ဆောင်ရွက်သည့် တစ်ခုတည်းသော ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုပုံစံ One Health approach in combating zoonotic diseases, food safety and antimicrobial resistance ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုတွင် ပြည်တွင်းမှ ပြည်သူ့ကျန်းမာရေးပညာရှင် (၅)ဦးက တက်ရောက်ဆွေးနွေးသည်။

ထို့နောက် ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲကို ဆက်လက်ကျင်းပရာ ဗိုလ်ချုပ်ကျော်ဇေယျ၊ ဒုတိယဆေးဝန်ထမ်းညွှန်ကြားရေးမှူး၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ သဘာပတိအဖြစ်ဆောင်ရွက်ပြီး ပါမောက္ခဒေါက်တာလှလှဝင်း၊ ပါမောက္ခချုပ်၊ ပြည်သူ့ ကျန်းမာရေးတက္ကသိုလ်က တွဲဘက်သဘာပတိအဖြစ်ဆောင်ရွက်သည့် အနာဂတ်အတွက် လုံခြုံစိတ်ချရသည့် ပြည်သူ့ကျန်းမာရေးစနစ် တည်ဆောက်ရေးဆိုင်ရာ Building a sustainable and resilient public health system for future pandemics ခေါင်းစဉ်တွင် တရုတ်နိုင်ငံမှ Dr Zhou Shuduo၊ Peking University၊ သီရိ လင်္ကာနိုင်ငံမှ Professor Lokumeegodage DJU Upul Senarath, University of Colombo တို့နှင့် ပြည်တွင်းပြည်သူ့ကျန်းမာရေးပညာရှင် (၄)ဦးမှ တက်ရောက်ဆွေးနွေးကြပြီး လာအိုနိုင်ငံမှ Dr. Sengthida SIVILAY၊ Ministry of Health နှင့် ထိုင်းနိုင်ငံမှ Dr. Pisut Chunchongkolkul, Ministry of Public Health မှ Virtual စနစ်ဖြင့် တက်ရောက်ဆွေးနွေးသည်။

ယင်းနောက် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) ၏ ပိတ်ပွဲအခမ်းအနားကိုကျင်းပရာ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက အမှာစကားပြောကြားသည်။

နံနက်ပိုင်းတွင် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံတကာမှ ပြည်သူ့ကျန်းမာရေးပညာရှင် (၁၇)ဦးပါဝင်သည့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ စည်ပင်သာယာ ကျေးလက်ကျန်းမာရေးဌာနသို့လည်းကောင်း၊ ပြည်တွင်းပြည်သူ့ကျန်းမာရေးပညာရှင်များ ပါဝင်သောအဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးလက်ကျန်းမာရေးဌာနနှင့် အေးမြင့်သာယာကျေးလက် ကျန်းမာရေးဌာနများသို့လည်းကောင်း သွားရောက်ကာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို ကွင်းဆင်းလေ့လာကြသည်။ ညနေပိုင်းတွင် တက်ရောက်လာသည့် နိုင်ငံတကာနှင့် ပြည်တွင်းပြည်သူ့ကျန်းမာရေးပညာရှင်များနှင့် ကိုယ်စားလှယ်များသည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြှော် ကြည်ညိုကြသည်။

မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ဒီဇင်ဘာ ၆ မှ ၇ ရက်အထိ ကျင်းပဆောင်ရွက်ခဲ့ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့တွင် ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ခေါင်းစဉ် (၄၇) ခုကို ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ နီပေါနိုင်ငံ၊ တရုတ်နိုင်ငံ၊ မော်လဒိုက်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကနေဒါနိုင်ငံ၊ ပြင်သစ်နိုင်ငံတို့မှ ပြည်သူ့ကျန်းမာရေးပညာရှင် (၁၃)ဦးနှင့် မြန်မာနိုင်ငံမှ ပြည်သူ့ကျန်းမာရေးပညာရှင် (၃၄)ဦး တို့က ပညာရပ်ဆိုင်ရာ ဆွေးနွေးနှီးနှောဖလှယ်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)