ဦးသန်းထွန်းရေ အမျှ အမျှ အမျှ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဦးသန်းထွန်းရေ အမျှ အမျှ အမျှ

019


ရက်စက်ယုတ်မာရိုင်းစိုင်းလွန်းသော NLD အစွန်းရောက်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ အစပြုခဲ့တဲ့ ဒီဇင်ဘာ -

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့ က ဆိုးရွားလွန်းတဲ့ အကြမ်းဖက်မှုဖြစ်စဉ်တစ်ခု စောစောစီးစီး ကြားသိခဲ့ရပါတယ်။ Viber မက်ဆေ့ကို ရောက်လာတဲ့ သတင်းဆိုးတစ်ခုက "ညီလေးရေ ဦးသန်းထွန်းကို အကြမ်းဖက်သမားတွေက သေနတ်နဲ့ ပစ်သတ်သွားတယ်။ အမျိုးသားဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ" တဲ့။ ရင်ထဲမှာ ကနေပဲ "ဟာ သွားပြန်ပြီ" လို့ အာမေဋိတ် ပြုလိုက်မိတယ်။ 

ဖြစ်စဉ်နဲ့ ပတ်သက်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေး အတည်ပြုချက် ထွက်ပေါ်လာတဲ့ သတင်းမှာ ၂၀၂၃ ဒီဇင်ဘာလ (၁)ရက်နေ့ နံနက် (၈ ၁၅)  အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ အပိုင်း(၃)၊ (၃)လမ်း၊ အမှတ်(၆၂၉)(မြေညီ/ဝဲဘက်)ရှိ မကြီး မိတ္တူဆိုင်တွင် ဦးသန်းထွန်း(၅၄)နှစ်(ဘ)ဦးစံထွန်း(ဥက္ကဋ္ဌ၊ အမျိုးသားဒီမို ကရေစီပါတီသစ်(NEW NATIONAL DEMOCRACY PARTY))တွင် ရှိနေစဉ် အကြမ်းဖက်သမား ၂ဦးက  မိတ္တူဆွဲမည်ဆိုကာ ဆိုင်အတွင်း ဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးသန်းထွန်း ၌ ဝဲရင်အုံ ထိမှန်ဒဏ်ရာ (၁)ချက်၊ ယာရင်အုံ ထိမှန်ဒဏ်ရာ (၁)ချက်၊ ဝဲလက်ဖျံ ထိမှန်ဒဏ်ရာ (၁)ချက်၊ ယာလက်မောင်းရင်း ထိမှန်ဒဏ်ရာ (၁)ချက်တို့ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ဦးသန်းထွန်း အား သင်္ဃန်းကျွန်းစံပြဆေးရုံသို့  ပို့ဆောင်ကုသခဲ့ရာ ဆေးရုံသို့ ရောက်ရှိကုသစဉ် နံနက် (၈ ၅၀) အချိန် သေဆုံးခဲ့ပါတယ်။

ဖြစ်စဉ်မှာတော့ ရက်စက်ယုတ်မာသူများက NLD အစွန်းရောက် ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့များရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားများ ဖြစ်ပါတယ်။ ဒီလို ရက်စက်ယုတ်မာမှုကြီးအပေါ် ဘယ်လိုတုန့်ပြန်မှုတွေ ထွက်ပေါ်လာမလဲလို့ စောင့်ကြည့်နေခဲ့ပါတယ်။ စာရေးသူ ဒီစာကို ရေးနေတာ (၅-၁၂-၂၀၂၃) ရက်နေ့မှာပါ။

NLD အစွန်းရောက်များရဲ့ PDF အကြမ်းဖက်သမားများရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရသူက သာမန်ပြည်သူတစ်ယောက် မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတစ်ခုရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။

သမိုင်းကြောင်းကို ပြန်ပြောရရင် ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ တို့ဟာ ၂၀၁၀ ဒီမိုကရေစီ အပြောင်းအလဲမှာ ပြည်သူလူထုအကျိုးကို သယ်ပိုးဆောင်ရွက်မယ်ဆိုရင် ရွေးကောက်ပွဲလမ်းစဉ်ကိုပဲ ရွေးချယ်ရမယ်လို့ ဆုံးဖြတ်ပြီး NLD ပါတီကနေ လမ်းခွဲခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဦးခင်မောင်ဆွေ ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဦးသိန်းညွှန့် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ် တို့ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။ ထိုစဉ်အချိန်က ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ခုနှစ်)၊ ၂၀၁၀ ရွေးကောက်ပွဲကို NLD အဖြစ် ကျန်ရှိနေခဲ့တဲ့ နီပိန်းများက သမိတ်မှောက်ကြ၊ ဆန့်ကျင်ကြ၊ မဲမပေးဘဲ နေကြ စသဖြင့် လှုံ့ဆော်နေတဲ့ ကာလဖြစ်ပါတယ်။ ရွေးကောက်ပွဲလမ်းစဉ်ကို လျှောက်လှမ်းခဲ့ကြတဲ့သူတွေကို နီပိန်း အကြမ်းဖက်ဝါဒီများက နိုင်ငံရေးခွေးတိုးပေါက်က ဝင်သူတွေလို့ စော်ကားပြောဆိုခဲ့တဲ့ အထိပါပဲ။

၂၀၁၂ အရောက်မှာတော့ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်ခဲ့တဲ့ အကြမ်းဖက်ဝါဒီ NLD များဟာ ပါတီမှတ်ပုံတင်ပြီး ကြားပြတ်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲလမ်းစဉ်ပေါ်ကို ရောက်ရှိလာခဲ့ကြပါတယ်။ သူတို့စကားနဲ့ သူတို့ကို ပြန်ပြောရမယ်ဆိုရင် သူတို့ကိုယ်တိုင်လည်း ခွေးတိုးပေါက်ထဲ တိုးဝင်လာကြသူတွေပဲ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ လွှတ်တော်အတွင်းရောက်ရှိခဲ့တဲ့ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေရဲ့ ပါတီက လွှတ်တော်ကိုယ်စားလှယ်များဟာ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်သင့်တဲ့ ကိစ္စတချို့ကို လွှတ်တော်တွင်းကနေ ပြုပြင်ပြောင်းလဲနိုင်အောင် ဆောင်ရွက်နိုင်ခဲ့ကြတဲ့ မှတ်တမ်းကောင်းတွေလည်း ရှိခဲ့ပါတယ်။ ဒါက သမိုင်းကြောင်းထဲက တစ်စိတ်တစ်ဒေသပါပဲ။

အမျိုးသားဒီမိုကရေစီပါတီ ကို ဦးသန်းထွန်း ဦးဆောင်နေတာဟာ ၂၀၂၀ ရွေးကောက်ပွဲကြီးမှာ အကြမ်းဖက်ဝါဒီ NLD တွေက မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခြင်းကြောင့် တပ်မတော်က အာဏာရပ်ရပ်ကို လွှဲပြောင်းရယူလိုက်တဲ့အချိန်မှာ ဦးသိန်းညွန့် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ်နဲ့ တာဝန်ထမ်းဆောင်ရတဲ့ အခြေအနေမျိုး ဖြစ်လာတဲ့အတွက် ပါတီကို ဦးသန်းထွန်း က ဆက်လက်ဦးဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။

အကြမ်းဖက်ဝါဒီ NLD ပါတီရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေ၊ ပြည်သူလူထုကို ခုတုန်းလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်လိုတဲ့ ကိစ္စတွေကို ပြတ်ပြတ်သားသား ဝေဖန်ထောက်ပြတဲ့ နေရာမှာတော့ ဦးသိန်းညွန့်တို့က ထိမိပိုင်နိုင်စွာ ထောက်ပြပြောဆိုနိုင်စွမ်း ရှိပါတယ်။ အာဏာရမ္မက်ထနေတဲ့ အကြမ်းဖက်ဝါဒီ NLD တွေကတော့ နိုင်ငံရေးလက်တွဲဖော် မိတ်ဆွေတွေအပေါ် မိတ်ဆွေသဘောမျိုးတောင် မှတ်ယူခဲ့ခြင်းမျိုး မရှိပါဘူး။ 

အခုတော့ နိုင်ငံရေးပါတီတစ်ခုရဲ့ ဥက္ကဋ္ဌ ကို NLD ပါတီမှ ပေါ်ပေါက်လာသော အစွန်းရောက်အကြမ်းဖက်အဖွဲ့များမှ အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်လိုက်ကြပါပြီ။ နိုင်ငံရေးပါတီဥက္ကဋ္ဌ တစ်ယောက်ဆိုတာ အများပြည်သူရှေ့က ဦးဆောင်ဦးရွက် လုပ်ဆောင်နေသူတစ်ယောက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီပေါင်းများစွာ ရှိတယ်။ အင်အားအနည်းအများ ကွာခြားမှု ရှိလိမ့်မယ်။ သူ့ပါတီ သူ့ပရိတ်သတ်နဲ့သူ ရှိကြလို့သာ ပါတီအဖြစ် ရပ်တည်ဆောင်ရွက်နေကြခြင်း ဖြစ်ပါတယ်။

အခုလို နိုင်ငံရေးပါတီဥက္ကဋ္ဌတစ်ယောက်ကို NLD အစွန်းရောက် အကြမ်းဖက်သမားတွေက ရက်စက်စွာ သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်အပေါ်မှာ နိုင်ငံရေးပါတီများဘက်က ဘာအသံထွက်လာမလဲလို့ စိတ်ဝင်တစား ဖြစ်မိပါတယ်။ ဘာသံမှ ထွက်မလာကြပါဘူး။ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသန်းထွန်း ကို NLD အစွန်းရောက် အကြမ်းဖက်ဝါဒီများက သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီများဘက်က ဝမ်းနည်းကြောင်း သဝဏ်လွှာ ထွက်ပေါ်လာတာမျိုးတောင် မရှိပါဘူး။ နိုင်ငံရေးပါတီတာဝန်ရှိသူများအနေနဲ့ အစိုးရကို ထိုင်ပြီး အပြစ်တင်နေရုံသက်သက်ပဲလား။ အကြမ်းဖက်အန္တရာယ် ကာကွယ်တားဆီးရေးအတွက် တပ်မတော်မှာ တာဝန်ရှိသူလို ပြည်သူတစ်ဦးချင်းစီမှာလည်း တာဝန်ရှိတယ်။ နိုင်ငံရေးပါတီ ဦးဆောင်သူများအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထုံးလိုမွှေ ရေလိုနှောက် ကျွမ်းကျင်ပိုင်ကြပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများရဲ့ တာဝန်မှာ နိုင်ငံရေးပါတီတာဝန်ရှိသူများနဲ့ မသက်ဆိုင်တဲ့ သဘောမျိုးလား။

ကျွန်တော့်အနေနဲ့ကတော့ နိုင်ငံရေးပါတီခေါင်းဆောင်များ အားလုံးကို မေးခွန်းထုတ်ချင်ပါတယ်။ ခင်ဗျားတို့ ပြောတဲ့ ဒီမိုကရေစီစနစ်၊ ခင်ဗျားတို့ ပြောတဲ့ ဒီမိုကရေစီယဉ်ကျေးမှု ကို အကြမ်းဖက်ဝါဒီ NLD တွေက ဖျက်ဆီးနေပြီ။ တစ်ခွန်းတစ်ပါဒမျှ မဟကြဘဲ ရေငုံနှုတ်ပိတ်နေကြမှာလား။ နိုင်ငံရေးစကားတွေကို ရွှန်းရွှန်းဝေအောင် ပြောတတ်တဲ့ ခင်ဗျားတို့တွေမှာ နိုင်ငံရေးသတ္တိ တစ်စိုးတစ်စိမျှ မရှိကြတော့ဘူးလား။ ဦးသန်းထွန်း ကိုတော့ အကြမ်းဖက်ဝါဒီ NLD တွေက သတ်လိုက်ကြပြီ။ 

ဒီလိုဖြစ်စဉ်မျိုးအပေါ်မှာ ဦးသန်းထွန်း က သူ့ဘဝဝဋ်ကြွေးရှိလို့ အခုလို အကြမ်းဖက်သမားများရဲ့ သတ်ဖြတ်ခြင်းနဲ့ ကြုံခဲ့ရတာပဲလို့ ဖြေသိမ့်ရမှာက တစ်ကဏ္ဍဖြစ်ပါတယ်။ နိုင်ငံရေးအရ အကြမ်းဖက်ဝါဒီ NLD တွေကို ပြတ်သားစွာ ဆန့်ကျင်ရှုတ်ချဖို့တော့ လိုပါတယ်။ 

အဓိက ပြောလိုတာကတော့ အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသန်းထွန်း သတ်ဖြတ်ခံရမှု ဖြစ်စဉ်အပေါ်မှာ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများအားလုံးက ရက်ဘက်ချင်းအပ်ပြီး လမ်းပေါ်ထွက်ကြရမှာဖြစ်ပါတယ်။ အကြမ်းဖက်ဝါဒီ NLD ပါတီမှ ပေါ်ပေါက်လာသော CRPH, NUG, PDF အပါအဝင် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေကြသူများကို ပြတ်သားစွာ ဆန့်ကျင်ကန့်ကွက်ကြရမှာ မဟုတ်ပါလား။ 

အခုတော့ ဦးသန်းထွန်း ကို အကြမ်းဖက်ဝါဒီ NLD တွေက သတ်ခဲ့ကြတယ်။ ဘယ်နိုင်ငံရေးပါတီကမှ အသံမထွက်ရဲဘူး။ အကြမ်းဖက်ဝါဒီ NLD တွေ ရက်စက်ယုတ်မာသမျှကို လည်ဆင်းခံနေကြမယ်ဆိုရင် ဦးသန်းထွန်းလို အဖြစ်ဆိုးမျိုးတွေ ဆက်တိုက်ကြုံတွေ့လာရလိမ့်မယ်။ ဦးသန်းထွန်း သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ကို အခြေခံပြီး ပြောရရင် လေလုံးထွားလွန်းတဲ့ နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးသတ္တိဟာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ပြည်သူလူထုရဲ့ ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်များဖြစ်ရမယ့် နိုင်ငံရေးပါတီခေါင်းဆောင်များ ကိုယ်တိုင်က လူထုရှေ့က စံပြအနေနဲ့ ရပ်တည်ဆောင်ရွက်လိုစိတ်မရှိရင် ခင်ဗျားတို့ လိုလားလွန်းလှပါတယ်ဆိုတဲ့ ဒီမိုကရေစီယဉ်ကျေးမှုကို ဘယ်လို တည်ဆောက်ကြမှာလဲ။

အာဏာလက်မဲ့ ဖြစ်ပြီးချိန်ကတည်းက အကြမ်းဖက်လုပ်ရပ်တွေ အစဉ်တစိုက်ကျူးလွန်နေတဲ့ အကြမ်းဖက်ဝါဒီ NLD တွေကတော့ ရက်စက်ယုတ်မာ ရိုင်းစိုင်းမှုတွေ နေ့စဉ်နေ့တိုင်း ကျူးလွန်လျက်ရှိပါတယ်။ အခြားသော နိုင်ငံရေးပါတီများကတော့ အကြမ်းဖက်လုပ်ရပ်များကို မလိုလားတဲ့ ရဟန်းရှင်လူပြည်သူလူထုရှေ့က မားမားမတ်မတ် ရပ်တည်တာမျိုးလည်း မတွေ့ရပါဘူး။ ကိုယ့်ပါတီဝင်တွေ အကြမ်းဖက်သမားများကြောင့် အတိဒုက္ခရောက်နေရတဲ့ အခြေအနေမျိုးမှာတောင် ကူညီကယ်တင်စောင့်ရှောက်လိုခြင်း မရှိတဲ့ ပါတီတွေကိုလည်း တွေ့မြင်နေရပါတယ်။ ဝမ်းနည်းဖွယ် ကောင်းလေစွ။

ကျွန်တော့်အနေနဲ့ကတော့ သွားလေသူ ဦးသန်းထွန်း ကို အမျှပေးဝေးပါတယ်။ "ဦးသန်းထွန်း ရေ အမျှ အမျှ အမျှ" ကျွန်ုပ်ပြုခဲ့ဖူးသမျှ ကောင်းမှုကုသိုလ်အစုစုအတွက် အကြမ်းဖက်ဝါဒီ NLD များရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသန်းထွန်းနှင့် တကွ အကြမ်းဖက်သမား၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသော ရဟန်းရှင်လူပြည်သူအပေါင်းအား အမျှပေးဝေပါ၏။

ဦးသန်းထွန်းရေ - အခုလို အကြမ်းဖက်ဝါဒီ NLD တွေရဲ့ ရက်စက်ယုတ်မာ ရိုင်းစိုင်းမှုကြောင့် အတိဒုက္ခရောက်ခဲ့ရတဲ့ အချိန်မှာ ပိုပြီး နားလည်လိုက်တာက ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံရေးအမြတ်ထုတ်လိုသူ ပေါများတယ်။ နိုင်ငံရေးအတွက် အနစ်နာခံလိုသူ၊ အမှန်တရားအတွက် မားမားမတ်မတ် ရပ်တည်ဝံ့သူ ရှာမှရှားပါလားဆိုတဲ့ အသိတစ်ခုကိုလည်း ရရှိလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသန်းထွန်း နောက်နောင်ဘဝများမှာ အခုလို ရက်စက်ယုတ်မာလွန်းသော အကြမ်းဖက်ဝါဒီ NLD ပါတီက အကြမ်းဖက်သမားတွေလို ရက်စက်ယုတ်မာသူများ ဘေးမှ ကင်းဝေးပါစေ။ ဒီမိုကရေစီ အရည်ခြုံ အကြမ်းဖက်ဝါဒီများ မြန်မာ့မြေပေါ်တွင် ကျူးလွန်နေသော အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသော အကြမ်းဖက်ဝါဒီ NLD အစွန်းရောက်များ၏ ရက်စက်ယုတ်မာရိုင်းစိုင်းမှုများ ပပျောက်ပါစေသတည်း။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages