“တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အရအသုံးမှန်းခြေငွေစာရင်း အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များ” ခေါင်းစဉ်ဖြင့် အသိပညာမျှဝေဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

“တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အရအသုံးမှန်းခြေငွေစာရင်း အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များ” ခေါင်းစဉ်ဖြင့် အသိပညာမျှဝေဆွေးနွေးပွဲ ကျင်းပ

004

MNP ၊ ဒီဇင်ဘာ ၁၅

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေး အစီအစဉ် (Knowledge Sharing Program-KSP) ၏ ဆွေးနွေးပွဲအမှတ်စဉ် (၃၆) ကို “တိုင်းဒေသကြီးဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အရအသုံးမှန်းခြေ ငွေစာရင်း အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များ” ခေါင်းစဉ်ဖြင့် ယမန်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်း စစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်း ကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများက Online မှ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်း များအနေဖြင့် မိမိတို့၏ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု ပိုမိုတိုးတက်ကောင်းမွန်စေရေး စစ်ဆေးဆောင်ရွက်မှုများတွင် များစွာအထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ဆွေးနွေးမည့် အကြောင်းအရာများကို ဂရုပြုမှတ်သားခြင်း၊ ထပ်မံသိရှိလိုသည်များကို မေးမြန်းခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းတို့ဖြင့် လုပ်ငန်းခွင်တွင် အကျိုးရှိစွာ ပြန်လည်အသုံးချ ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိခိုင်က အရအသုံးမှန်းခြေ ငွေစာရင်းရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေအရ ခွဲဝေချထားသည့် ရန်ပုံငွေများအား ခွဲဝေစီမံခြင်း၊ ပိုလျှံငွေ ပြန်လည် အပ်နှံခြင်း၊ ဖြည့်စွက်ရန်ပုံငွေတောင်းခံခြင်း၊ ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲခြင်း၊ လစဉ်ရငွေနှင့် အသုံးစရိတ်ဆိုင်ရာစာရင်းများရေးဆွဲခြင်း၊ စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာဌာနများသို့ပေးပို့ခြင်း စသည့်အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက်ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages