တာမွေမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း ဆက်လက်ဆောင်ရွက်




MNP ၊  ဒီဇင်ဘာ  ၁၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်း အသိပညာပေး လုပ်ငန်းအား ၂၀၂၃-ခုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ၊ ခရိုင်(၄)ခုရှိ မြို့နယ်(၄)မြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့ စမ်းသပ်မဲပေးလေ့လာခြင်းအစီအစဉ်ကို တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပါသည်။ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း ဒုတိယနေ့အဖြစ် ယနေ့ ၂၀၂၃-ခုနှစ် ဒီဇင်ဘာလ(၁၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်မှ မွန်းလွဲ(၃)နာရီအချိန်အထိ တာမွေမြို့နယ် နတ်မောက်ရပ်ကွက် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာမွေမြို့နယ်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ပုဏ္ဏားကုန်းရပ်ကွက်၊ အရိုးကုန်းရပ်ကွက်၊ ပျားရည် ကုန်းရပ်ကွက်၊ နတ်မောက်ရပ်ကွက်၊ ဘိုလိန်းအောင်မင်္ဂလာရပ်ကွက်၊ ကျောက်မြောင်းကြီးရပ်ကွက်၊ ကျောက်မြောင်း အထက်ရပ်ကွက်၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊ ပုသိမ်ညွန့်ရပ်ကွက် ၊ ကျားကွက်သစ်ရပ်ကွက် စသည့် ရပ်ကွက် ပေါင်း (၁၀)ရပ်ကွက်မှ မဲဆန္ဒရှင်ပြည်သူ( ၃၈၄ )ဦး ၊ စုစုပေါင်းမဲဆန္ဒရှင်ပြည်သူ( ၅၁ဝ )ဦး တက်ရောက်ကာ လက်တွေ့ စမ်းသပ်မဲပေးလေ့လာခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ ခရိုင်/မြို့နယ် စီမံရေးအဖွဲ့များမှ တာဝန်ရှိသူများက ရှင်းလင်းပြသ ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)