ရွှေတောင်မြို့နယ်တွင် ( ၃၂) ကြိမ်မြောက် အာစရိယပူဇော်ကန်တော့ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ( ၃၂) ကြိမ်မြောက် အာစရိယပူဇော်ကန်တော့ပွဲကျင်းပ





MNP ၊ ဒီဇင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အထက ရွှေတောင် ရတနာခန်းမတွင် ယမန်နေ့နံနက်ပိုင်းကရွှေတောင်မြို့ အခြေခံပညာ အထက်တန်း ကျောင်းကြီးမှ အငြိမ်းစားယူသွားခဲ့ကြသော ဆရာကြီး ၊ဆရာမကြီးများအား  (၃၂) ကြိမ်မြောက်  အာစရိယပူဇော်ကန်တော့ပွဲကျင်းပခဲ့သည်။

အဆိုပါ  အထက ရွှေတောင်  ( ၃၂)  ကြိမ်မြောက်  အာစရိယပူဇော်ကန်တော့ပွဲတွင် ကန်တော့ခံ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဆရာကြီး ( ၃၉)ဦး ၊ ဆရာမကြီး ( ၁၁၉) ဦး ၊စုစုပေါင်း ( ၁၅၈) ဦးတို့အား ပူဇော်ကန်တော့ခဲ့ကြပြီး တစ်ဦးလျှင် ပူဇော်ကန်တော့ ငွေ ( ၆၅၀၀၀/-) ကျပ်ပူဇော်ကန်တော့ခဲ့ကြသည်။ပူဇော်ကန်တော့အပြီးတွင် အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဆရာကြီး ၊ဆရာမကြီးများ၏ ကိုယ်စား ဆရာကြီး ဦးစိုးထွေးနှင့် ဆရာမကြီး ဒေါ်ခင်သန်းဆွေတို့မှ ဆုမွန်ကောင်း ပေးခြင်းနှင့်ဂုဏ်ပြုစကားပြောကြားခဲ့ကြသည်။

ထို့နောက် ဦးမိုးလေး+ ဒေါ်ခင်ဆွေဝင်း ( သား) မောင်ဟန်မင်းလူ မိသားစုတို့က နှစ်စဉ်နှစ်တိုင်း နေ့လယ်စာ ဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြောင်းသိရသည်။

ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)