ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

39

MNP  ၊ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်မားရေး မျိုးဆက်သစ်ကျောင်း သား၊ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး  အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြသပွဲ အခမ်းအနားကို ယမန် နေ့မွန်းလွဲ(၁)နာရီအချိန်က ကျောက်ဆည်မြို့နယ် မြောင်းဦးကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြောင်းဦးကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်စန်းထွေးက ကျောင်း သား/ကျောင်းသူများအနေဖြင့် ဟောပြောမှုများကို လိမ္မာ ယဉ်ကျေးစွာ နားထောင်မှတ်သားသွားကြရန်နှင့် လက်ဆင့်ကမ်းဖြန့်ဝေသွားကြစေလိုကြောင်းနှင့် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်များဖြစ်စေရေးငယ်စဉ်ကပင် ကျောင်းစာအပြင်ဗဟုတများရရှိမည့် စာပေများကို ရှာဖွေဖတ်ရှုကြစေလိုကြောင်းနှင့် စာပေဖတ်ရှုခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများ အကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများက ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်ကျင်းပြသထားသော သုတ၊ရသစာအုပ်များ ဖတ်ရှုလေ့လာကြပြီး ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး၊ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ ကြောင်း သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages