ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ စားရေရိက္ခာဖူလုံစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော ပြည်နယ် အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ သျှမ်းနှစ်သစ်ကူးပွဲတော်အား တက်ရောက်အားပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ စားရေရိက္ခာဖူလုံစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော ပြည်နယ် အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ သျှမ်းနှစ်သစ်ကူးပွဲတော်အား တက်ရောက်အားပေး

25

26

MNP ၊ဒီဇင်ဘာ ၁၄

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စားရေရိက္ခာဖူလုံစေရေး၊ သီးထပ်သီးနှံစိုက် ပျိုးစွမ်းအားတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော လုပ်ငန်းများတွင် ပိုမိုတိုးချဲ့ မတည်ပေးနိုင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်၏ စားရေရိက္ခာ ဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးအပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာစေရေးနှင့် နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်စီးဆင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရာတွင် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေများအား တောင်သူများထံ မတည်ရင်းနှီးနိုင်ရေး ထုတ်ချေးပေးခဲ့ပြီးဖြစ်ပါ ကြောင်း၊ ထိုသို့ ရင်းနှီးမတည် ထုတ်ပေးထားသည့် ချေးငွေများမှ အတိုး/အရင်းရငွေများကိုလည်း ကောက်ခံရရှိလျက်ရှိရာ မိမိတို့အနေဖြင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း/ အမိန့်ညွှန်ကြားချက်များနှင့် အညီဖြစ်စေရေး၊ ထပ်မံရင်းနှီးမတည်ပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ကြိုတင်စီမံ ဆောင်ရွက်ရာတွင် ပြည်နယ်၏ စားရေရိက္ခာဖူလုံရေးအတွက် သီးထပ်စွမ်းအား တိုးချဲ့ ဆောင်ရွက်နိုင်ရေး မျိုး၊ မြေ၊ ရေ၊ နည်း စသည့် သွင်းအားစုများအပြင် ကျွဲ၊ နွားအန္တရာယ်ကင်းရှင်းရေး အတွက်ကိုလည်း ထည့်သွင်းဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ဒေသအလိုက် ဆန်ရိက္ခာဖူလုံရေး ကြိုးပမ်းလျက်ရှိသည့်အပြင် သီးထပ်စိုက်ပျိုးမှုကိုလည်း တိုးမြှင့်ဆောင်ရွက်နိုင်ရေး မိမိတို့အနေဖြင့် တောင်သူများနှင့် အချိတ်အဆက်မိမိဖြင့် ဆက်သွယ်စည်းရုံးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင် များက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများ၊ မတည်ရင်းနှီးပေးသည့် ချေးငွေများအပေါ် ပထမ (၆)လအတိုး ကောက်ခံရရှိမှု အခြေအနေ များ၊ အတိုး/ အရင်း ကောက်ခံလျက်ရှိသည့် အခြေအနေများကို သက်ဆိုင်ရာဌာနအလိုက် ရှင်းလင်းတင်ပြ ကြရာထပ်မံရင်းနှီးမတည်ပေးမည့် လုပ်ငန်းစီမံကိန်းများအတွက် အတိုးငွေ ပြင်ဆင်သတ်မှတ်နိုင်ရေး၊ ပူတာအိုဒေသ ဆန်ရိက္ခာ ၁၀၂ ရာခိုင်နှုန်းထိ ဖူလုံအောင် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ တနိုင်း ဒေသဆန်ဖူလုံရေးအပြင် ဆီမုန်းညှင်းစိုက်ပျိုးဆောင်ရွက်သွားမည့် အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စားရေရိက္ခာဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ များအား ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန် ကြားချက်များနှင့်အညီ ဖြစ်စေရေး၊ ဒေသအလိုက် ဆန်ရိက္ခာဖူလုံလာစေရေး ဆောင်ရွက်သွား မည့် အစီအစဉ်များအပေါ် စီမံချက်ရေးဆွဲဆောင်ရွက်ရေး၊ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင်ပြည်နယ် ဝန်ကြီးချုပ်သည် နံနက်ပိုင်းက မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်အတွင်းရှိ နောင်ခမ်းရှမ်းရွာ၌ ရှမ်းစာပေယဉ်ကျေးမှု အသင်းဓမ္မာရုံ၌ အသင်းမှ ဦးစီးကျင်းပသည့် ၂၁၁၈ ခုနှစ် သျှမ်းနှစ်သစ်ကူး ပွဲတော်နှင့် ကောက်ဦးဆွမ်းကပ်လှူပွဲသို့ တက်ရောက်ခဲ့ကြပြီး ရှမ်းမျိုးနွယ်စုများ အား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးကာ ရှမ်းတိုင်းရင်းသား လူငယ်မောင်/မယ်များ၏ ရှမ်းရိုးရာ တေးသီချင်းအကအလှများ၊ တိုးနယားအက၊ ကိန္နရီကိန္နရာအကအလှများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် သျှမ်းနှစ်သစ်ကူးပွဲတော်အတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် ရှမ်းလူငယ်မောင်/ မယ်ဖျော်ဖြေရေး အဖွဲ့များအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ထောက်ပံ့ငွေများကိုလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကောက်ဦးထမင်းကို ရှမ်းတိုင်းရင်းသားများနှင့် အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages