ရွှေတောင်မြို့နယ်တွင် စာဖတ်ရှိန်မြင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်ပြပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ များ ကွင်းဆင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် စာဖတ်ရှိန်မြင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်ပြပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ များ ကွင်းဆင်း ဆောင်ရွက်



MNP ၊ ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သရက်တောရပ်ကွက် ၊ မြောက်ပိုင်း အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တိုင်းရင်း ဆေးကုဌာန၊အားကစားနှင့်ကာယပညာ ဦးစီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာန တို့ ပူးပေါင်း၍ မျိုးဆက်သစ် လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် နှင့် စာဖတ်ရှိန်မြင့်တင်ရေး အတွက် နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်ပြပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့သည်။

        ရှေးဦးစွာ  ကျောင်းအုပ်ဆရာကြီး ဦးတင်မိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအား လူငယ်နှင့်စာဖတ်ခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ဆင့် က စားသုံးသူ နှင့်ပတ်သက်သော စားသုံးသူ၏ အခွင့်အရေးနှင့် ကုန်အညွှန်းအမှတ်အသား (၈)ချက်၊အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးက လူငယ်နှင့် အားကစား ၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်သော အကျိုး ကျေးဇူးများခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီးကျောင်းသား၊ ကျောင်းသူလေးများကို ကိုယ်လက်လှုပ်ရှား အားကစား မြန်မာ့သိုင်း ( ၆၃) ကွက်အား လက်တွေ့သရုပ်ပြသပေးခြင်း၊လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုက လူမှုဝန်ထမ်းဦးစီးဌာန၏ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများ နှင့်  ကလေးသူငယ် အခွင့်အရေးဆိုင်ရာများကိုအသိပညာပေး ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒု-ဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က " သဘာဝလက်ဆောင် သုံးရာသီ" ခေါင်းစဉ်ဖြင့် စက္ကူပြဇာတ် ပုံပြင်ကိုကျောင်းသား/ ကျောင်းသူ လေးများအားပြောပြပေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်တင်ခြင်းလုပ်ငန်းအဖြစ် စစာဖတ်စေခြင်းနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)