နိုင်ငံတော် လျှို့ဝှက်သတင်းတွေ ပြည်ဖျက်မီဒီယာများဆီ ဘာကြောင့် ရောက်နေသလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော် လျှို့ဝှက်သတင်းတွေ ပြည်ဖျက်မီဒီယာများဆီ ဘာကြောင့် ရောက်နေသလဲ



အစောပိုင်းကတော့ မရိပ်မိခဲ့ဘူး။ ပြည်ပြေး ဝရမ်းပြေး ခွေးဝဲစား ဖာသည်မသား သာလွန်ဇောင်းထက် ဆီကို အစိုးရထိပ်တန်း လျှို့ဝှက်သတင်းတွေ ဘာကြောင့်ရောက်နေသလဲ။ ဖရဲသီးတော့ ရှိနေပြီဆိုတာလောက်ပဲ။ ဘယ်သူ ဘယ်ဝါရယ်လို့ မစွပ်စွဲရဲဘူး။ သူတို့မှာက ယူနီဖောင်းကြီးတွေနဲ့ အပွင့်တွေ အခက်တွေနဲ့။ ဂုဏ်မြင့်သူတွေ ဆိုတော့ ကျွန်တော်တို့က စကားမကျွံရဲဘူး။

NLD အစိုးရလက်ထက်မှာ ပြည်ထဲရေးဝန်ကြီး တာဝန်ယူခဲ့ပြီး နစကအစိုးရလက်ထက်အထိ ပြည်ထဲရေးမှာ နေရာမပျောက်ဘဲ ရှိနေခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးစိုးထွဋ် ကို ထိန်းသိမ်းလိုက်ပြီးနောက် နောက်ဆက်တွဲ တရားခံတွေ ထွက်ပေါ်လာတော့တယ်။

စာရေးသူအနေနဲ့ မင်းဘူးမြို့က တပ်မတော်သား အငြိမ်းစားတစ်ယောက်ကို မင်းဘူးက ရဲအရာရှိတွေက အမှုဆင်ပြီး CDM လှုံ့ဆော်သူလို့ ခေါင်းစဉ်တပ်ကာ ညှဉ်းပမ်းနှိပ်စက်ခဲ့တဲ့ ဖြစ်စဉ်ကို သတင်းစာရှင်းလင်းပွဲမှာ တက်ပြီး မေးခွန်းထုတ်ခဲ့ဖူးတယ်။ ဦးစိုးထွဋ် နဲ့ အပေါင်းအပါတွေက အဲဒီလို တပ်မတော်သား (အငြိမ်းစား) ဝန်ထမ်းတစ်ဦးအပေါ် ရက်စက်ယုတ်မာတဲ့ ရဲအရာရှိတွေကို အရေးမယူတဲ့အပြင် ရာထူးပါ တိုးပေးလိုက်သေးတယ်။ တပ်မတော်သား (အငြိမ်းစား)မှာတော့ ရဲယုတ်တွေရဲ့ ညှဉ်းပမ်းနှိပ်စက်မှုကြောင့် နံရိုးငါးချောင်းကျိုးပြီး ဒုက္ခိတဖြစ်ခဲ့ရတယ်။

ဦးစိုးထွဋ်ကို ထိန်းသိမ်းပြီး နောက်ဆက်တွဲတွေ ပါလာတော့မှ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေနဲ့ အလိုတူအလိုပါ ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွင်းက အာဏာအလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာကာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် ရက်စက်ယုတ်မာသူတွေရဲ့ သဘောသဘာဝကို မြင်တွေ့လာရတယ်။

ခေါင်းမိုးက မလုံတော့ မိုးဒဏ်ခံရတယ်။ ပြည်ထဲရေးဝန်ကြီးက စပြီး ကိုယ်ကျိုးရှာလိုမှုသာ အဓိကဖြစ်ခဲ့တဲ့ ကာလမှာ နီပိန်းအကြမ်းဖက်သမားတွေက အကြောင်းမဲ့ ရန်လာရှာလို့ အမှုသွားဖွင့်ရင်တောင် အမှုဖွင့်မပေးချင်တဲ့ ရဲအရာရှိတွေလည်း တွေ့ခဲ့ရတယ်။ သူတို့က အမှုဖွင့်မပေးရုံမျှမက သတင်းမီဒီယာများကို ဆက်သွယ်ပြောဆိုခြင်း မပြုဖို့ပါ နစ်နာသူတွေကို တခါတည်း နှုတ်ပိတ်လိုက်ကြသေးတယ်။

တချို့သော ရဲတပ်ဖွဲ့ဝင်များ အထိနာခဲ့ရတဲ့ ဖြစ်စဉ်တွေမှာလည်း ရဲအရာရှိများရဲ့ တာဝန်မဲ့တဲ့ ဖြစ်စဉ်တွေ ကြားသိခဲ့ကြရပါတယ်။ 

တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် အဓိကတာဝန်ရှိတဲ့ အဖွဲ့အစည်းကို ဦးဆောင်သူကစပြီး အဆင့်ဆင့်သော ပုဂ္ဂိုလ်များက ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများနဲ့ တသားတည်း ရပ်တည်ပြီး ပြည်သူလူထုကို အတိဒုက္ခရောက်အောင် လုပ်ဆောင်ခဲ့တဲ့ သရုပ်မှန်ကို သိမြင်နားလည်ခဲ့ရပါတယ်။

လူတွေက ပြဿနာတစ်ခုဖြစ်ရင် စနစ်ကို အပြစ်ဖို့ချင်ကြတယ်။ စနစ်ကို ထိန်းကျောင်းတဲ့ လူတွေရဲ့ ရာထူးတာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခြင်းဟာ ဘယ်လောက်အထိ ကြောက်ဖို့ကောင်းသလဲ သက်သေပါပဲ။ 

ယနေ့ ရှမ်းပြည် (မြောက်ပိုင်း)မှာ ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာတွေဟာလည်း နှစ်နိုင်ငံ ဆွေးနွေးဖြေရှင်းဖို့ ယခင်အစိုးရလက်ထက်မှာကတည်းက တဖက်က ဆွေးနွေးလာတာ ရှိပေမယ့် ဒီဘက်က အရေးတယူဆောင်ရွက်ခြင်း မရှိခဲ့တဲ့ အခြေအနေမျိုးကြောင့် ပြည်သူလူထု အတိဒုက္ခရောက်ရသည်အထိ ကြုံတွေ့ခဲ့ရပါတယ်။ ဒါတွေကို ဆင်ခြင်သုံးသပ်ပြီး နိုင်ငံတော်အကြီးအကဲများအနေနဲ့လည်း အလေးထားသင့်တဲ့ ကိစ္စတွေမှာ မသိကျိုးကျွန်မပြုမိစေဖို့၊ သက်ဆိုင်ရာ နယ်ပယ်အလိုက် တာဝန်ယူထားသူများအနေနဲ့လည်း မိမိတို့ရဲ့ ဆောင်ရွက်ချက် လွဲမှားရင် အများပြည်သူ အတိဒုက္ခရောက်ရလိမ့်မယ်ဆိုတဲ့ အသိနဲ့ ပြင်ဆင်ဆောင်ရွက်သွားကြရင်ဖြင့် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတဲ့ နိုင်ငံတော်ဖြစ်မှာ မလွဲဧကန်ပါပဲ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)