ရွှေတောင်မြို့နယ်တွင် ဒေသတွင်း အသေးစား၊အလတ်စားစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအား ချေးငွေထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ဒေသတွင်း အသေးစား၊အလတ်စားစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအား ချေးငွေထောက်ပံ့ပေးအပ်

 



MNP ၊ ဒီဇင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွန်မှုဖြစ်သည့် စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် MSMES ကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရေး ဒေသတွင်း အသေးစား၊အလတ်စားစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအား ချေးငွေထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်က ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ရွှေတောင်မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည့်ခရီးစဉ်တွင် ရွှေတောင်မြို့ ၊ယွန်းတန်းရပ်ကွက်၊ တောင်ဘုရားကြီးလမ်းရှိ " ဥမ္မာကျော်" ထမင်းသုပ်၊ ရွှေတောင်ခေါက်ဆွဲ၊ ရွှေတောင်ထမင်းရောသုပ်၊ရွှေတောင်မုန့်ဟင်းခါး၊စိန်ပန်းအကြွပ်ကျော်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် "ဥမ္မာကျော်" ထမင်းသုပ် လုပ်ငန်း လုပ်ကိုင်သူ ဒေါ်ဥမ္မာကျော်အား ချေးငွေကျပ်သိန်း ( ၁၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)