MNP ၊ ဒီဇင်ဘာ ၂၁
ရခိုင်ပြည်နယ် မောင်တောမြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်လျှပ်စစ်ဦးစီးဌာနမှ ဝန် ထမ်းများက ဓာတ်အားလိုင်းကြိုးပေါ်ရှိ သစ်ကိုင်းများအား ယမန်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်က မြို့ပေါ်လမ်းမကြီး တစ် လျှောက် တွင် ဆက်လက် ခုတ်ထွင်ရှင်းလင်းခဲ့ကြ သည်။
ထိုသို့ဆောင်ရွက်ရာတွင် လျှပ်စစ်ဦးစီးဌာနမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဆောင်၍ ဝန်ထမ်း များက လျှပ်စစ် အန္တရာယ်ကင်းရှင်းစေရေး မဟာဓာတ်အားလိုင်း ဝန်အားလျော့ချချိန်များအတွင်း အများပြည်သူများ သွားလာရာတွင် အန္တရာယ် မဖြစ်စေရေး ၊လျှပ်စစ်ဓာတ်အားလေလွှင့်မှုမရှိစေရေးအတွက် မြို့ပေါ်ရပ်ကွက် များသို့ သွယ်တန်းလျက်ရှိ သော မဟာဓာတ်အားလိုင်း ၁၁ ကေဗွီ မြို့တွင်း တစ်လိုင်း နှင့် ၁၁ ကေဗွီ မြို့တွင်း နှစ်လိုင်းများပေါ်ရှိ ဓာတ် အား လိုင်း နှင့် ထိနေသော သစ်ကိုင်းများ ၊ လမ်းမပေါ်သို့ နိမ့်ကျနေသည့် သစ်ပင်များအား ဆက်လက် ခုတ်ထွင်ရှင်းလင်း ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment