MNP ၊ ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်အတွင်း မိုးစပါး ၊နွေစပါး နှင့် အဓိကသီးနှံ ( ၁၀)မျိုး ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးနှင့်စိုက်ပျိုးစွမ်းအင်တိုးတက်မြှင့်မားရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ( မြို့နယ် စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌ) ဦးဟံဝင်းအောင်က မြို့နယ်အတွင်း မိုးစပါး ၊နွေစပါးနှင့် အဓိကသီးနှံ
(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးနှင့်စိုက်ပျိုးစွမ်းအင်တိုးတက်မြှင့်မားရေးအတွက် စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးရေး၊ အထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ လိုအပ် သည့်သွင်းအားစုများဖြစ်သည့် သဘာဝမြေသြဇာ နှင့်ဓာတ်မြေသြဇာတို့အား စနစ်တကျသုံးစွဲခြင်းနှင့် စိုက်ပျိုးရိတ်သိမ်းရာတွင် နည်းစနစ်ကျန၍ အကျိုးဖြစ်ထွန်းစေသည့် စက်ပစ္စည်းများသုံးစွဲစေရေးတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ရပ်ကွက် / ကျေးရွာအုပ်စု တစ်ခုချင်းအလိုက် ပြန်လည်ပေးဆပ်ရန် ကျန်ရှိသည့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကြွေးကျန်များနှင့်သမဝါယမကြွေးကျန်များ တွန်းအားပေးကောက်ခံနိုင်ရေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံများအားရာသီအချိန်မီ သတ်မှတ်ကာလအတွင်း စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့်မျိုး၊ သွင်းအားစုများ ဖြန့်ဝေဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ( မြို့နယ် စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌ) ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များက ရွှေတောင်မြို့နယ်အတွင်း ကြဲခင်းစိုက်ပျိုးမှုများ လျော့နည်းပပျောက်စေရေးအတွက် ရန်ကုန် - ပြည်ကားလမ်း ဘေးဝဲ / ယာရှိ မိုးစပါး ၊နွေစပါးစိုက်ပျိုးသည့် ကျေးရွာအုပ်စုများဖြစ်သည့် ကြာနီကန်ရပ်ကွက်၊ ကြို့ကုန်းကျေးရွာအုပ်စုနှင့် မင်းကွန်းကျေးရွာအုပ်စုများသို့ လက်ဆွဲကောက်စိုက်စက် ( ၃) လုံးအားဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment