စိုက်ပျိုးရေး၊ မွေးမြူရေး ထွက်ကုန်အခြေခံသော ကုန်ချောထုတ်လုပ်ငန်းများ ဒေသအလိုက်ဖွံ့ဖြိုးလာရေး တွန်းအားပေးဆောင်ရွက်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိုက်ပျိုးရေး၊ မွေးမြူရေး ထွက်ကုန်အခြေခံသော ကုန်ချောထုတ်လုပ်ငန်းများ ဒေသအလိုက်ဖွံ့ဖြိုးလာရေး တွန်းအားပေးဆောင်ရွက်သွားမည်


 

MNP ၊ ဒီဇင်ဘာ ၆

စိုက်ပျိုးရေး၊ မွေးမြူရေးထွက် ကုန်အခြေခံထုတ်လုပ်မှုလုပ်ငန်းများ ဖော်ထုတ်ခြင်း လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာဌာနများက စာရင်းကောက်ယူပြုစုထားသည့် သီးနှံသားငါးထုတ်လုပ်မှု၊ မူရင်းထုတ်ကုန်လုပ်ငန်းများနှင့် တန်ဖိုးမြှင့်ထုတ်ကုန် အဆင့်အလိုက်စာရင်းဇယားများအပေါ် ဆွေးနွေးသုံးသပ်ကြပြီး ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များ၊ လုပ်ငန်းစဉ်တစ်ခုချင်းအပေါ် ဦးစားပေးအလိုက်သတ်မှတ်၍ အဆင့်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆွေးနွေးကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်အခြေခံသော ထုတ်လုပ်မှုဆိုင်ရာ စာရင်းဇယားများ ကောက်ယူပြုစုချက်များကို သုံးသပ်ဖော်ထုတ်၍ နိုင်ငံတစ်ဝန်းရှိ မတူညီသော ရေမြေရာသီဥတုအလိုက် ထူးခြားသည့် အရည်အသွေးကောင်းထုတ်ကုန်များ၊ မြို့ရွာအလိုက် ဝိသေသလက္ခဏာများ ပေါ်လွင်သော ထုတ်ကုန်များကို မြှင့်တင်အားပေးပြီး တိုင်းဒေသကြီး ပြည်နယ်အားလုံး၌ စိုက်ပျိုးရေး၊ မွေးမြူရေး ထွက်ကုန်အခြေခံသော ကုန်ထုတ်စွမ်းအားများ မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ ဆက်စပ်ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆန်စပါးလုပ်ငန်းကွင်းဆက်တွင် ပါဝင်သော ဖွဲနုဆီစက်လုပ်ငန်း၊ စပါးခွံလောင်စာတောင့် လုပ်ငန်း၊ ဂျုံသီးနှံနှင့် ကွင်းဆက်လုပ်ငန်းများဖြစ်သော ဂျုံမှုန့်၊ ဘီစကွတ်နှင့် စားသောက်ကုန်များ၊ ဝဥမှ ထုတ်လုပ်သည့် ဝဥခေါက်ဆွဲနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းများ၊ ငရုတ်နှင့် ဟင်းခတ်အမွှေးအကြိုင်လုပ်ငန်းများ၊ မွေးမြူရေးထွက်ကုန်မှ အေးခဲအသား၊ ဝမ်းတွင်းသား၊ ချိုနှင့် သားရေထွက်လုပ်ငန်း၊ စည်သွတ်လုပ်ငန်းများ၊ သစ်ဝါးကြိမ်အချောထည်လုပ်ငန်းများနှင့် စက္ကူပျော့ဖတ်လုပ်ငန်းများ စသည့်ကွင်းဆက်လုပ်ငန်းများကို စနစ်တကျဖော်ထုတ်၍ အလတ်စား၊ အငယ်စားနှင့် အသေးစားလုပ်ငန်းများ၊ တစ်ဦးချင်းတစ်ပိုင်တစ်နိုင်လုပ်ငန်းများ၊ သမဝါယမအစုအဖွဲ့များအပိုင် စနစ်တကျ ဆောင်ရွက်နိုင်စေရေးအတွက် သက်ဆိုင်ရာဌာနများ၊ ရင်းနှီးမြှုပ်နှံသူများ၊ လုပ်ငန်းရှင်များအပါအဝင် လုပ်ငန်းကွင်းဆက်တစ်လျှောက်တွင် ပါဝင်ပတ်သက်သူများနှင့် ဟန်ချက်ညီပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)