အမ်းမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုး သားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ် စာစောင်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုး သားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ် စာစောင်ပြပွဲကျင်းပ




 MNP ၊ ဒီဇင်ဘာ ၆

ရခိုင်ပြည်နယ် ၊ အမ်းမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန CommunityCentre ခန်းမ၌ ဒီဇင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုး သားအောင်ပွဲနေ့ အထိမ်းအမှတ် အကြို နံရံကပ်စာစောင်ပြပွဲ ကို ယနေ့နေ့လည်အချိန်တွင် စာပေမြတ်နိုးသူလူငယ်များဖြင့်ကျင်းပခဲ့ ကြောင်းသိရသည်။

 အဆိုပါ နံရံကပ်စာစောင်ပြပွဲတွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့  ဦး တည်ချက်များ ၊ ဆောင်ပုတ်များနှင့် ရန် ကုန်ယူနီဗာစတီအက်ဥပဒေကို သပိတ် မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသောကျောင်းသားကြီး(၁၁)ဦး ၊ ၂၀-၁-၁၉၄၆ ရက်နေ့ ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော မိန့်ခွန်းကောက် နုတ်ချက်များ ၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ၊ နိုင်ငံတော်ဝန်ကြီး ချုပ် ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၇-၁၁-၂၀၂၂ ရက်နေ့တွင် (၁၀၂)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် အခမ်း အနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်များ ၊ စာညွန့် ၊ ကဗျာ ၊ ဆောင်ပုဒ် ၊ ပညာရေးမျှော်မှန်းချက်နှင့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာများသမိုင်းဝင်မှတ်တမ်းဓာတ်ပုံများဝေဝေဆာဆာဖြင့်ပြသထားကာမြို့နယ်ဦးအရာရှိဦးစန်းဝင်းက နံရံကပ် စာစောင်ပါ အကြောင်းအရာများအားရှင်းလင်းပြောကြားခဲ့ပြီးသိရှိလိုသည်များအားပြန်လည်ရှင်းလင်းလင်းဖြေ ကြားခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)