ပေါင်မြို့နယ်၌(၁၂)ကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌(၁၂)ကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနား ကျင်းပ





MNP ၊  ဒီဇင်ဘာ   ၂၉

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌(၁၂)ကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနား ကျင်းပခြင်းကိုယမန်နေ့နံနက်(၈)နာရီကထန်းပင်ချောင်ကြီးကျေးရွာ၌ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် သဘာပတိအဖွဲ့ဝင်များအဖြစ် မွန်ဆရာတော်များဖြစ်သည့် ပေါင်မြို့နယ်၊ ဘုရားကြီးကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသ နှင့်သံဃာတော် (၃) ပါး၊ ထန်းပင်ချောင်ကြီးကျေးရွာမှ မွန်လူငယ်များနေ့အခမ်းအနား ကျင်းပရေးကော်မတီဥက္ကဌ/မွန်ညီညွှတ်ရေးပါပါတီဗဟိုကော်မတီဝင် နိုင်ချမ်းမြင့်၊ NMSP (မွန်)အဖွဲ့မှ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် နိုင်စိုက်ချမ်းထောနှင့်တာဝန်ရှိသူများကဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ဘင်ခရာအဖွဲ့ ( ၇ ) ဖွဲ့ ဖြင့် စစ်ကြောင်းပုံဖြင့်ချီတက်၍ ကွင်းအတွင်းနေရာယူခြင်း၊ မွန်လူငယ်အလံကိုင်အဖွဲ့ဝင်တစ်ဦးမှ မွန် အလံအား အလံတိုင်ထိပ်သို့လွှင့်တင်ခြင်း၊ တက်ရောက်လာ သူများမှ မွန်အမျိုးသားသီချင်းအားသီဆိုခြင်း၊ မွန်အမျိုးသားအလံအား စုပေါင်းအလေးပြုခြင်း၊ ကျဆုံးလေပြီးသော မွန်အာဇာနည်ခေါင်းဆောင်ကြီးများ အား အလေးပြုခြင်း၊ ဘုရားကြီးကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသ၊ ပရဟိတ ကျောင်းတိုက်မှ ဥူးမေဓိယ တို့မှ (၁၂)ကြိမ်မြောက်မွန်လူ ငယ်များနေ့အတွက် အမှာစကားမိန့်ကြားပြီး (၁၂)ကြိမ်မြောက် မွန်လူငယ်များနေ့အတွက် NMSP (မွန်)အဖွဲ့ဥက္ကဌ နိုင်ဟံသာ မှပေးပို့သောသဝဏ်လွှာအား NMSP(မွန်)အဖွဲ့မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်စိုက်ချမ်းထော မှဖတ်ကြားခဲ့သည်။

ထို့နောက် သဘာပတိအဖွဲ့ဝင် မွန်လူငယ်တစ်ဦးဖြစ်သည့် နိုင်မရောချမ်းမှ မွန်စာမေနှင့်ပေယဉ်ကျေးမှုပိုမိုတိုး တက်အောင်ဆောင်ရွက်ပြီး မွန်လူငယ်အချင်းချင်းအမြင်ချင်းဖလှယ်ကာ စည်းလုံးမှုပိုမိုရရှိစေရန် စုစည်း လုပ်ဆောင်ပေးသည့် နေ့တစ်နေ့ဖြစ်ပင်ကြောင်း၊ ယခုကဲ့သို့ မွန်လူငယ်များနေ့ ပြုလုပ်ပေးခြင်းဖြင့် မွန်လူငယ်များ ပိုမိုစည်းလုံးညီညွတ်စေရန်ရည်ရွယ်ကြောင်းပြောကြားခဲ့သည်။

(၁၂)ကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနားသို့ ဘင်ခရာအဖွဲ့ စစ် ကြောင်းများမှ မွန်လူငယ်ကျောင်းသား/သူများ၊ မွန်သံဃာတော်များ၊ မွန်နိုင်ငံရေးပါတီဝင်များ၊ မွန်စာပေ ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်များ၊ ဒေသခံမွန်ပြည်သူများပါ စုစုပေါင်း( ၁၅၀၀ )ဦးခန့်တက်ရောက်ခဲ့ကြောင်း၊ မွန်လူငယ်များနေ့အထိမ်းအမှတ်အဖြစ် ဆုပေးပွဲများနှင့် မွန်တေး ဂီတဖျော်ဖြေတင်ဆက်မှုများအား   ဆက်လက်ကျင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)