ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝလုံခြုံမှုကို ထိခိုက်လာရင်တော့ ပြတ်ပြတ်သားသား ချေမှုန်းရမှာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝလုံခြုံမှုကို ထိခိုက်လာရင်တော့ ပြတ်ပြတ်သားသား ချေမှုန်းရမှာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား






MNP ၊ ဒီဇင်ဘာ ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ ပြန်ကြားရေး ဒုဝန်ကြီးက ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ ထုတ်ပြန်ပြောကြားရာတွင် မုန်းမြို့အား အကြမ်ဖးက်အဖွဲ့များက သိမ်းပိုက်လိုက်လိုက်ပြီဖြစ်ကြောင်း ပြည်ဖျက်မီဒီယာများက အားရပါးရ ရေးသားနေမှုအပေါ် တုန့်ပြန်ခြေမှုန်းခဲ့သည့် အခြေအနေအား ယမန်နေ့ညက ပြောကြားသွားခဲ့သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း က "ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းတိုက်နယ်မှာဖြစ် တဲ့ကိစ္စဖြစ်ပါတယ်။ အင်အား ၁၅၀၀ လောက်နဲ့ မုန်းတစ်နယ်လုံးကို သိမ်းပြီးပြီ၊ မုန်းတိုက်နယ်တစ်ခုလုံးကို သိမ်းပြီးပြီဆိုတဲ့ ကောလာဟလ လွှင့်ထုတ်မှုမျိုးတွေရှိပါတယ်။ ဒီမနက်အထိလည်းရှိတာပါပဲ။ အားရပါးရရေးနေတာတွေလည်း ရှိတယ်။ အနောက်နိုင်ငံအားပေး မီဒီယာတွေ၊ အနောက်နိုင်ငံကထောက်ပံ့ပေးတဲ့ မီဒီယာတွေရေးနေ တာတွေရှိပါတယ်။ ဖြစ်စဉ်ကတော့ ဒီဇင်ဘာလ ၃ ရက်နေ့မနက်ပိုင်းက နေစပြီး ဖြစ်ပွားခဲ့တယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ မနေ့ကအထိ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ တချို့နေရာတွေမှာ မိသားစုတွေကို လုံခြုံစိတ်ချရတဲ့နေရာတွေကို ရွှေ့ပြောင်းပေးခဲ့ရတာတွေ ရှိပါတယ်။ ဒီ‌နေ့ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းမှာပဲ ရှေ့ကပြောခဲ့တဲ့ အနောက်နိုင်ငံအားပေးမီဒီယာတွေ၊ ပြည်ဖျက်မီဒီယာတွေက အားလုံးသိမ်းပိုက်နိုင်ပြီလို့ပြောပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းမှာလည်း ကျွန်တော်တို့ကစနစ်တကျ ပြန်လည်စုဖွဲ့ပြီးတော့ ကျွန်တော်ပြောခဲ့တဲ့ တပ်ရင်းတစ်ရင်းကို ပြန်လည်ဝင်ရောက်ပြီး လုံခြုံရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ မုန်းဆိုတာကမြို့သေးသေးလေးပါ။ တိုက်နယ်အဆင့်လို့ ကျွန်တော်ပြောခဲ့ပြီးပါပြီ။ သူတို့အနေနဲ့က ဒီမုန်းဒေသမှာနေရာသုံးနေရာလောက်ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်တာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် တခြားအဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲဆိုတဲ့ ကြွေးကြော်သံတွေရဲ့အောက်မှာ ပြယုဂ်တစ်ခု ပြချင်တာလည်းဖြစ်မှာပေါ့။" ဟု ပြောသည်။

ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က သူတို့ ဘယ်လောက်အထိကျဆုံးတယ်၊ ဘယ်လောက်အထိ ထိခိုက်ဒဏ်ရာရတယ်ဆိုတာ သူတို့ အသိဆုံးဖြစ်မှာပါလို့ ပြောခဲ့ပါကြောင်း၊ မုန်းရဲ့မြောက်ဘက်နဲ့အရှေ့ဘက်ကို ရန်သူများ ဆုတ်ခွာထွက်ပြေးပါကြောင်း၊ ဆုတ်ခွာထွက်ပြေး တဲ့အခါမှာလည်း တပ်မတော်အနေနဲ့ လုံခြုံမှုရှိအောင် လိုက်လံချေမှုန်းရတာမျိုးတွေ ရှိပါကြောင်း၊ အဲဒီမှာလည်း သူတို့ဘယ်လောက်ကျဆုံးတယ်၊ ဘယ်လောက်ထိ ထိခိုက်ဒဏ်ရာရတယ်ဆိုတာ သူတို့ပဲအသိဆုံးဖြစ်ပါကြောင်း၊ ဒါတွေက ဘယ်လောက်သေတယ်၊ ဘယ်လောက်ကျဆုံးတယ်၊ ဘယ်လောက်ဒဏ်ရာရတယ်ဆိုတာက ဂုဏ်ယူပြီးပြောနေစရာ မရှိပါကြောင်း၊ ဘယ်လိုပဲပြောပြော မြန်မာနိုင်ငံသား တွေပဲဖြစ်ပါကြောင်း၊ သို့သော် ကျွန်တော်တို့အနေနဲ့ ပြည်သူ့အသက် အိုးအိမ်၊ စည်းစိမ်၊ ပြည်သူလူထုရဲ့ လမ်းပန်းဆက်သွယ်မှု၊ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝလုံခြုံမှုကို ထိခိုက်လာရင်တော့ ပြတ်ပြတ်သားသား ချေမှုန်းရမှာပဲဖြစ်တယ်လို့ ပြောချင်ပါကြောင်း ရှင်းလင်းပြောကြားသွားသည်။

ထိတွေ့မှုဖြစ်စဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ရှမ်းပြည်နယ်မြောက်ဘက်မှာတော့ လောက်ကိုင်မြို့ရဲ့ အရှေ့ဘက်နဲ့တောင်ဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတချို့ ရှိခဲ့ကြောင်း၊ စစ်ကိုင်းတိုင်းဘက် မှာတော့ ထီးချိုင့်မှာ နေရာသုံးနေရာလောက် ထိတွေ့တိုက်ပွဲဖြစ်ပွား မှုဖြစ်ခဲ့ကြောင်း၊ ထီးချိုင့်ရဲ့ ဒီနေရာသုံးနေရာမှာလည်း ရန်သူအနေနဲ့ ထိခိုက်ဒဏ်ရာရမှုများပြားပြီး ဆုတ်ခွာထွက်ပြေးရကြောင်း ရှင်းလင်းပြောကြားသွားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)