ဆင်ပေါင်ဝဲမြို့ မြို့မဈေးကြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

demo-image

ဆင်ပေါင်ဝဲမြို့ မြို့မဈေးကြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

25

26

MNP ၊ဒီဇင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီနှင့် ဈေးကော်မတီဝင်များ ပူးပေါင်း၍ မြို့မဈေးအတွင်း ဈေးရောင်းချ နေသည့် ဈေးဆိုင်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အဆိုပါအဖွဲ့မှ ယခုအခါတွင် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် ဆိုင်ခန်းပိုင်ရှင်များ အနေဖြင့် မီးဘေးလုံခြုံရေးကို အထူးဂရုစိုက်ရန်လိုအပ်ကြောင်း၊ လုံခြုံရေးအသိ၊ သတိရှိရန်လိုအပ်ကြောင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရန်အတွက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ကြရန် လိုအပ်ကြောင်း စသည်ဖြင့် အသိပေးပြောကြားခဲ့သည်။

ထို့နောက် အဆိုပါအဖွဲ့သည် မြို့မဈေးအတွင်းနှင့် အပြင်ရှိ ရောင်းချနေသည့် ကုန်စုံဆိုင်များ၊ အထည်ဆိုင်များ၊ ရွှေဆိုင်များတွင် အရေးပေါ် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးများ ထားရှိမှုရှိ/မရှိ၊ အရေးပေါ် မီးသတ်စက်ကောင်း၊ မကောင်း၊ အရေးပေါ် မီးငြှိမ်းသတ်နိုင်ရေးအတွက် ရေကန်များတွင် ရေဖြည့်တင်းထားမှုရှိ/မရှိ၊ မီးသုံးစွဲသည့် ဝါယာကြိုးသွယ်တန်းမှုကောင်း၊ မကောင်းနှင့် မီးခလုတ် များ တပ်ဆင်အသုံးပြုခြင်း စနစ်ကျမှု ရှိ/မရှိတို့ကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။


ခန့်ဝင်း(ဆင်ပေါင်ဝဲ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages