တပ်မတော်သည် ပါတီစုံဒီမို ကရေစီစနစ်ကို သံယောင်လိုက်နေတဲ့ အဖွဲ့အစည်းမဟုတ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်သည် ပါတီစုံဒီမို ကရေစီစနစ်ကို သံယောင်လိုက်နေတဲ့ အဖွဲ့အစည်းမဟုတ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား


MNP ၊ ဒီဇင်ဘာ ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ၇-၁၂-၂၀၂၃ ရက်နေ့ည ထူးခြားဖြစ်စဉ် သတင်းများ ထုတ်ပြန်ပြောကြားရာတွင် တိုင်းရင်းသားများ၊ ပြည်သူလူထုများ အလိုရှိတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်အစိုးရက ဦးဆောင်ပြီးဖော် ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ တပ်မတော်သည် ပါတီစုံဒီမို ကရေစီစနစ်ကို သံယောင်လိုက်နေတဲ့အဖွဲ့အစည်းမဟုတ်ကြောင်း၊ ဦးဆောင်တည်ထောင်ခဲ့တာဖြစ်သလို ဘယ်လိုဖြေလျှော့မှုတွေလုပ်ရမယ်။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကိုဘယ်လိုဆောင်ရွက်ပေးနိုင်မယ်ဆိုတာ အမြဲတမ်းတွေးတောနေတာဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားသည်။


ဗိုလ်ချုပ်ဇော်မင်းထွန်း က "ဒီနေ့ နိုင်ငံတစ်ဝန်းလုံးမှာ အကြမ်းဖက်မှုများကိုအားပေးလုပ်ဆောင်နေတဲ့ NUG PDF နဲ့ သူ့ရဲ့နောက်ကွယ်မှာရှိတဲ့ ဒီမိုကရေစီဆိုတဲ့ အမည်ခံထားတဲ့ နိုင်ငံ ကြီးများရဲ့လုပ်ဆောင်ချက်ပြန်ကြည့်ပါ။ မြန်မာနိုင်ငံမှာအလုံးစုံပျက်သုဉ်းရေး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေ၊ ဘုန်းကြီးတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေကိုသတ်ရုံမကဘဲ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တိုက် ရိုက်စော်ကားတာတွေ၊ ထိပါးတာတွေဆောင်ရွက်နေတာဖြစ်ပါတယ်။ ပြည်သူလူ ထုရဲ့အခြေခံအဆောက်အဦတွေဖြစ်တဲ့ လမ်းတံတားတွေ၊ လျှပ်စစ်တာဝါတိုင်  တွေဖျက်ဆီးနေတာကို တွေ့ရမှာဖြစ်ပါတယ်။" ဟု ပြောသည်။


အကြမ်းဖက်လမ်းစဉ်နောက် လိုက်ခဲ့သည့် NLD ဦးဆောင်သူများ၏ လုပ်ရပ်နှင့် ပတ်သက်၍ "သူတို့အနေနဲ့ ကြွေးကြော်နေတာလည်း ဒီမိုကရေစီရရှိရေးဆိုတာမျိုး ဖက်ဒရယ်ဆိုတဲ့ဟာမျိုးကြွေးကြော်နေတာ ဖြစ်ပါတယ်။ ကျွန်တော် ဥပမာတစ်ခုပဲ ထုတ်ပြလိုပါတယ်။ ဒီလူတွေသည် မြန်မာနိုင်ငံမှာ အစိုးရ ၅ နှစ်လုပ်ခဲ့ဖူးပါတယ်။ သူတို့အနေနဲ့၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုနဲ့ နိုင်ငံတော်အာဏာကိုမတရားရယူလိုမှုကြောင့် သာ ဒီလူတွေသည် လက်နက်ကိုင်လမ်းစဉ်ရွေးပြီးတောထဲရောက်သွားတာ ဖြစ်ပါတယ်။ သူတို့အစိုးရဖြစ်တုန်းက မှတ်မှတ်ရရ ယခုနိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်မှာ ဝန်ကြီးချုပ်များ ခန့်အပ်ခြင်း၊ ဝန်ကြီးချုပ်များရွေးချယ်ခြင်း ပုဒ်မ ၂၆၁ နဲ့ပတ်သက်ပြီး ပြင်ဆင်နိုင်ဖို့အတွက် တရားဝင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ပြောခဲ့ ဖူးပါတယ်။ ပုဒ်မ ၂၆၁ ရဲ့အနှစ်သာရအရ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက လွှတ်တော်ကိုယ်စားလှယ်တွေထဲက လွှတ်တော်ကိုယ်စား လှယ်တစ်ဦးကို သမ္မတကခန့်ရတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ အဲဒီအချိန် တုန်းက ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်လွှတ်တော်က သူတို့ထောက်ခံတဲ့သူကို တင်ချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့လည်း လွှတ်တော်ကနေ အများစုထောက်ခံတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ပြည်နယ်နဲ့တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ စဉ်းစားသင့်တယ်လို့ ကျွန်တော်တို့ပြောခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အခုဒီမိုကရေစီတို့ ဖက်ဒရယ်တို့ကြွေးကြော်နေတဲ့သူများသည် အစိုးရဖြစ်ပါတယ်။ တုတ်တုတ်မှမလှုပ်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်ပြောချင်တာက ကျွန်တော်တို့အနေနဲ့ ဒို့တာဝန်အရေးသုံးပါးကို အမြဲတမ်းကာကွယ်စောင့်ရှောက်လျက် ရှိပါတယ်။ ဒီလိုအမြဲတမ်းကာကွယ်စောင့်ရှောက်တဲ့နေရာမှာ အပြောနဲ့မဟုတ် ဘဲနဲ့လက်တွေ့အလုပ်နဲ့ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒီတော့ အားလုံးသည် အပြောကိုပဲယုံကြမလား၊ လက်တွေ့အလုပ်ပေါ်မှာပဲမူတည်ပြီး ဆုံးဖြတ်ကြမလား ဆိုတာကို တွေးတောဖို့ အချိန်တန်ပြီလို့ပြောချင်ပါတယ်။" ဟု ထည့်သွင်းပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။ 

ဗိုလ်ချုပ်ဇော်မင်းထွန်း ၏ ရှင်းလင်းပြောကြားချက်တွင် ကျွန်တော်တို့ နိုင်ငံသည် လွတ်လပ်ရေးရပြီးကတည်းကတိုင် လက်နက်ကိုင်ပဋိပက္ခများနဲ့ ကြုံ ‌တွေ့ခဲ့ရကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများ အမြန်ချုပ်ငြိမ်းဖို့ဆိုတာသည် တပ်မတော်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပြင် ပြည်သူလူထုရဲ့ပူးပေါင်းဆောင်ရွက်မှု၊ ပါဝင်မှုအရေးကြီးပါကြောင်း၊ ဒီလိုမျိုးဆောင်ရွက်မှသာလျှင် ကျွန်တော်တို့ ရည်မှန်းထားတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးဖြစ်လာမှာဖြစ်တဲ့ အတွက်ကြောင့် ယနေ့ကျွန်တော်တို့နိုင်ငံမှာ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများမှာ ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ကြဖို့ တိုင်းရင်းသားအဖွဲ့အစည်းများအားလုံးက ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း ထည့်သွင်း ပြောကြားသွားခဲ့ခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)