မိုးညှင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

MNP ၊ ဒီဇင်ဘာ ၂၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက နိုင်ငံတော် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြား မည့် အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များနှင့် တိုင်ရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့ဝင်များအနေဖြင့် ယခင်နှစ်အတိုင်း ပူးပေါင်းပါဝင်စေလိုကြောင်း၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့် အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် အလွတ်တန်း အားကစားနည်းဖြစ်သော စစ်တုရင်၊ ဘော်လီဘောနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲများတွင် ဆုများအသီးသီးချီးမြှင့်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍာများအလိုက် အသီးသီး ပါဝင်ဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


ရွှေမိုးညှင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)