မင်းတုန်းမြို့ စည်ပင်သာယာဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

မင်းတုန်းမြို့ စည်ပင်သာယာဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

 

52

53

MNP ၊ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတွင် ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဝန်ထမ်းများပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ရာတွင် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ယာဉ်ဖြင့် ဈေးအတွင်းဝင်ရောက်၍ မီးငြိမ်းသတ်ရန် လေ့ကျင့်ခြင်း၊ ဆိုင်းခန်းများအတွင်းရှိ လျှပ်စစ်ဝါယာရိန်းများ ကောင်းမွန်မှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးထားရှိမှု စစ်ဆေးခြင်းနှင့် မီးလောင်လွယ်ပစ္စည်းများ စနစ်တကျထားရန် ဆိုင်ခန်းရှင်များအား ပညာပေးဆွေးနွေးခြင်းတို့ ဆောက်ရွက်ခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages