တရုတ်နိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံး (၈)နှစ်ပြည့်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံး (၈)နှစ်ပြည့်အခမ်းအနားကျင်းပ








MNP ၊     ဒီဇင်ဘာ    ၆

တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံး (၈)နှစ်ပြည့်အခမ်း အနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ် လမ်းရှိ KANTHARYAR OFFICE TOWER ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ရှေးဦးစွာ မူလတန်းကျောင်းသား၊ ကျောင်းသူလေးများ၏ အကအလှဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တက်ရောက်လာကြသည့် တာဝန်ရှိသူများမှ အသီးသီး မိတ်ဆက်ခဲ့ကြသည်။ ဆက်လက်၍ တက်ရောက်လာကြ သူများသည် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံး၏ (၈)နှစ်ပြည့် အထိမ်းအမှတ် ဗီဒီယိုကို ကြည့်ရှုခံစားခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Ms. Cao Jing က အမှာ စကားပြောကြားခဲ့သည်။ ထို့နောက်  ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်မှ ဗီဒီယိုဖြင့်လည်းကောင်း၊ တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ Mr. Chen Hongtao၊ ပညာရေးဝန်ကြီးဌာနကိုယ်စား ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကိုယ်စား အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဦးစိန်မော်တို့က အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး တရုတ်နိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေးရှင်း ဒါရိုတ်တာ Mr. Wu Peng (နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန)မှ (၈)နှစ်တာလုပ်ငန်းရလဒ်များကို အစီရင်ခံတင်ပြခဲ့သည်။ ဆက်လက်ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူလေးများမှ တေးသံသာဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး အာဟာရပြည့်ဝ ကလေးငယ်တို့ဘဝ စီမံကိန်းကျောင်းများကိုယ်စား ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက လည်းကောင်း၊ ပေါက်ဖော်ပညာသင်ဆု စီမံကိန်း ကျောင်းသား၊ ကျောင်းသူများကိုယ်စား တက္ကသိုလ်ကျောင်းသူ တစ်ဦးကလည်းကောင်း ကျေးဇူးတင်စကားများ အသီးသီးပြောကြားခဲ့သည်။ ယင်းနောက် အလှူရှင်များကိုယ်စား Bank of China (Hong Kong) ရန်ကုန်ဘဏ်ခွဲ ဥက္ကဋ္ဌ Mr. Chen Linming နှင့် CITIC Myanmar (Hong Kong) Holdings Co., Ltd လက်ထောက်အထွေထွေမန်နေဂျာ Mr. Ma Chuanfu တို့မှ အသီးသီးပြောကြားခဲ့ပြီး အမှုဆောင် ဒါရိုတ်တာ Mr. Chen Hongtao မှ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံးမှ တာဝန်ရှိသူများသည် တက် ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။အဆိုပါ တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံးကို ၂၀၁၅ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာနိုင်ငံ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အခိုင်အမာ ထောက်ခံမှု ဖြင့် မြန်မာနိုင်ငံ၌ တရားဝင်မှတ်ပုံတင်ပြီး စတင်တည်ထောင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံရုံးသည် အရည်အသွေး ပြည့်မီသော ပညာရေး၊ ငတ်မွတ်ခေါင်းပါးမှု ကင်းစင်ရေးနှင့် သန့်ရှင်းသောသောက်သုံးရေ ဟူ၍ ကဏ္ဍသုံးမျိုးဖြင့် စီမံကိန်း ခုနစ်ခုကို အကောင်အထည်ဖော်ခဲ့ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၃ ဒဿမ ၃၄ သန်းဖြင့် တိုင်းနှင့်ပြည်နယ် ၁၂ ခုအတွင်း လူပေါင်း ၅၅၆,၀၀၀ ကျော်ကို အကျိုးပြုနိုင်ခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နေသော ပရောဂျက်များထဲတွင် ပညာရေးသည် ပရောဂျက်အမျိုး အစားအများဆုံးနှင့် ရင်းနှီးမြှုပ်နှံမှု အများဆုံးရှိသည့် နယ်ပယ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှာ တက္ကသိုလ်ကျောင်းသား တွေကို ကူညီနိုင်ရန်အတွက် ပထမဆုံး ပရောဂျက်ကို "ပေါက်ဖော် ပညာသင်ထောက်ပံ့ကြေး" ဟူ၍ အမည်ပေးထား ပါကြောင်း၊ ပြီးခဲ့သည့် (၈)နှစ်အတွင်းမှာ ပညာရေးဝန်ကြီးဌာန၏ အားပေးကူညီမှုအရ မြန်မာနိုင်ငံတွင် Paukphaw Scholarship Project(ပေါက်ဖော် ပညာသင်ဆု စီမံကိန်း)၊ တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု စီမံကိန်း၊ BOC-Yangon University ပညာသင်ဆု စီမံကိန်း၊ Panda Pack Projectı Smiling Children Project ၊ WASH Project ၊ Covid-19 အထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်းစီမံကိန်း၊ စက်ဘီးလှူဒါန်းခြင်း စီမံကိန်း၊ ဆိုလာမီးအိမ်များ လှူဒါန်းခြင်း စီမံကိန်း စသော စီမံကိန်း မြောက်များစွာတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)