အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ


 MNP  ၊ ဒီဇင်ဘာ   ၁၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း‌၍ စာရေးဆရာ ပန်းမြိုင်လယ်စိန်ဝင်း ရေးသားသည့် “နှလုံးလှစိတ်ထား မြတ်နှင့်အသုံးချ အလှဆင်တတ်ပါစေ” ဆောင်းပါးဖြင့် ပြုလုပ်သော စာဖတ်ဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ကနဦးအနေဖြင့် ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌ ဦးခင်မောင်ချိုက “နှလုံးလှစိတ်ထားမြတ်နှင့်အသုံးချ အလှဆင်တတ်ပါစေ”ဆောင်းပါးတွင်ပါဝင်သည့် အ‌ကြောင်းအရာများကို ဦးဆောင်ဆွေးနွေးသည်။ ဆက်လက်၍ (Book Club) အသင်းအဖွဲ့နှင့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည့်အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးကြပြီးနောက် ဆွေးနွေးချက်များအားလုံးအပေါ်  ဦးဆောင်သူ ဆရာဦးခင်မောင်ချိုက ခြုံငုံသုံးသပ် ဆွေးနွေးပေးခဲ့သည်။

အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များ စာပေအသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ၂၀၁၈ ခုနှစ်မှစတင်ကာ လစဉ်ပုံမှန် ပညာပေးဆွေးနွေးလျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)