မြစ်သားမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် ဆန်၊ စားအုန်းဆီ၊ အသား၊ ငါး စားသောက်ကုန်ပစ္စည်းများ (ပထမ)အကြိမ်မြောက် ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် ဆန်၊ စားအုန်းဆီ၊ အသား၊ ငါး စားသောက်ကုန်ပစ္စည်းများ (ပထမ)အကြိမ်မြောက် ရောင်းချ




MNP ၊ ဒီဇင်ဘာ  ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် သက်သာသောဈေးနှုန်းကို ဆန်၊ စားအုန်းဆီ၊ အသား၊ ငါး၊ စားသောက်ကုန်ပစ္စည်းများ( ပထမ )အကြိမ်မြောက် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို မြစ်သားမြို့ မြို့မဈေးတောင်ဘက်ဝင်ပေါက်အနီးတွင် ယနေ့နံနက်(၇)နာရီမှ (၉)နာရီအချိန်ထိ ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါဈေးရောင်းချရာတွင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေး၊ ဈေးနှုန်းသက်သာစွာဖြင့်သန့်ရှင်း လတ်ဆတ်သော အသား၊ငါး၊ စားသောက်ကုန် ပစ္စည်းများအား ဝယ်ယူရရှိနိုင်ရေး၊ မိမိတို့နေအိမ်အနီးမှာ ပင်ဝယ်ယူရရှိစေရန် ရည်ရွယ်၍ စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်သည်။ ထိုသို့ သတ်မှတ်ထားသော ဈေးနှုန်းများဖြင့်သာ ရောင်းချရန် ဆန်တစ်ပြည်လျှင် (၂၈၀၀) ကျပ်၊ စားအုန်းဆီတစ်ပိဿလျှင် (၅၅၀၀)ကျပ်၊ အမဲသားတစ်ပိဿလျှင် (၁၀၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿလျှင်(၁၂၀၀၀)ကျပ်၊ ဆိတ်သား  တစ်ပိဿလျှင်(၂၀၀၀၀)ကျပ်၊ ကြက်သားတစ်ပိဿလျှင်(၉၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿလျှင်(၄၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၀၀)ကျပ်နှုန်း စုစုပေါင်း(၈)မျိုးတို့ကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။             


ဆက်လက်၍ ရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးအောင်နှင့် ဝန်ထမ်းများက ကြီးကြပ်၍ ဈေးဝယ်သူများသည် စည်းကမ်းနှင့်တန်းစီးဝယ်ယူရန်၊ ဈေးနှုန်းမှန်ကန်စွာ ရောင်းပေးနိုင်ရေး တို့ကိုစစ်ဆေးကြပ်မတ်ပေးပြီး သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးမှုကို တစ်လလျှင်(၂)ကြိမ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။


ဝင်းမင်းထွန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)