ရွှေတောင်မြို့နယ် လူငယ်ရေးရာကော်မတီပါ ဌာနဆိုင်ရာများ ပူးပေါင်း၍ အမက (သဲတန်း) ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ရွှေတောင်မြို့နယ် လူငယ်ရေးရာကော်မတီပါ ဌာနဆိုင်ရာများ ပူးပေါင်း၍ အမက (သဲတန်း) ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

  

11

10

9

8

7

6

MNP  ၊ ဒီဇင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ယွန်းတန်းရပ်ကွက် ၊ အမက ( သဲတန်း)ကျောင်းတွင်ယမန်နေ့ နေ့လယ် ပိုင်းက  လူငယ်ရေးရာကော်မတီပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်လူမှုဝန်ထမ်းဦးစီးဌာန တို့ ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ ဗလငါးတန် နှင့်ပြည့်စုံစေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ နှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ သဲတန်း အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနွယ်က      အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအား  လူငယ်နှင့် အနာဂတ်၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊

ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ဆင့် က  စားသုံးသူ၏ အဓိပ္ပာယ်၊ အခွင့်အရေးနှင့်တာဝန်၊ ကုန်အညွှန်းအမှတ်အသား (၈)ချက်ကိုလည်းကောင်း၊ 

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးက လူငယ်နှင့်ကျန်းမာကြံ့ခိုင်ရေး၊ အားကစားက ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများနှင့် ကျောင်းသား၊ ကျောင်းသူလေးများကို ကိုယ်လက်လှုပ်ရှား မြန်မာ့သိုင်း ( ၆၃) ကွက် အား လက်တွေ့သရုပ်ပြသပေးခြင်းများကို လည်း‌‌ ကောင်း၊လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး     ဒေါ်ခင်နှင်းနှင်းယုက လူမှုဝန်ထမ်းဦးစီးဌာန၏ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများ နှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများအကြောင်း နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒု-ဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က "မိအေးချက်သည့် ဟင်းတစ်ခွက်"စက္ကူပြဇာတ် ပုံပြင်ကိုကျောင်းသား/ ကျောင်းသူ လေးများအားပြောပြပေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်အဖြစ်ယူဆောင်လာသော စာအုပ်စာစောင်များကိုကျောင်းသား/သူလေးများက စိတ်ပါဝင်စားစွာ   ဖတ်ရှုကြပြီး  လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များပြသရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages