ဒိုက်ဦးမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်တို့၌ အခြေခံပညာကျောင်းများဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်များက ခြိမ်းခြောက်မှုများလုပ်ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦးမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်တို့၌ အခြေခံပညာကျောင်းများဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်များက ခြိမ်းခြောက်မှုများလုပ်ဆောင်


MNP ၊ ဒီဇင်ဘာ ၁၆

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ် ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများ၊ ဒီဂရီကောလိပ်၊ တက္ကသိုလ်များအား ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ NUG နှင့် ၎င်း၏လက်အောက်ခံ နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်များက အနာဂတ် ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့ လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့် ဖြစ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများ၊ ဆရာ၊ ဆရာမများအား ခြိမ်းခြောက်စာများ ပေးပို့ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက် ရှိသည်ကို တွေ့ရှိရသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ပဲခူး တိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ သပြေတောကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ခြိမ်းခြောက်စာတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းရှေ့ခြံစည်းရိုးသံပန်းတံခါးရှေ့၌ A-4 စာရွက်ပေါ်တွင် မှင်ပြာဖြင့် ရေးသားထားသည့် ခြိမ်းခြောက်စာတစ်စောင်အား တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

အလားတူ ည ၆ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ပဲချက်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ခြိမ်းခြောက်စာတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းဝင်းရှိ ပိတောက်ဆောင်အတွင်းသို့ အကြမ်းဖက် အဖွဲ့(စိစစ်ဆဲ)က ဝင်ရောက်၍ White Board တစ်ချပ်အား ထုခွဲဖျက်ဆီးကာ ကျောင်းသုံးဗလာ စာရွက်ပေါ်တွင် ခဲတံဖြင့် ရေးသားထားသည့် ခြိမ်းခြောက်စာတစ်စောင်အား ကျောင်းအုပ်ကြီးရုံးခန်း တံခါး၌ ကပ်ထားသည်ကို တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)