မြစိမ်းရောင်(အသားကဏ္ဍ) ကျေးရွာစီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာမြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေကြီးကြပ်မှုကော်မတီ ဖွဲ့စည်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစိမ်းရောင်(အသားကဏ္ဍ) ကျေးရွာစီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာမြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေကြီးကြပ်မှုကော်မတီ ဖွဲ့စည်း




MNP ၊ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာ၊ ဘုရားရှိခိုးကျောင်းခန်းမ၌ မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာစီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာမြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေကြီးကြပ်မှုကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်နေ့၊ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပုသိမ်ခရိုင် မွေးမြူရေးနှင့်ကုသ‌ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား‌ရေးမှူး ဒေါက်တာသိန်းဆွေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်တို့မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာကျော်လင်းမှ နိုင်ငံတော် ထောက်ပံ့ငွေဖြင့် ဒေသနွား တိုးချဲ့မွေးမြူနိုင်ရေးအတွက် တောင်သူများအား ထုတ်ချေးဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလိုသူ ကျေးလက်နေ ပြည်သူများအတွက် တစ်ပိုင်တစ်နိုင်မှသည် တစ်ရွာထုတ်ကုန်တစ်မျိုးအဆင့်ထိ ထုတ်လုပ်သွားနိုင်မည့် မြစိမ်းရောင် (အသားကဏ္ဍ) မွေးမြူရေးကျေးရွာများကို မွေးမြူရေးလုပ်ငန်းမှ မိသားစုဝင်ငွေ တိုးတက်ရရှိသည့်အပြင် စားနပ်ရိက္ခာဖူလုံ၍ နှစ်စဉ် တစ်ဦးချင်း အသား၊ နို့၊ ဥ စားသုံးမှု တိုးတက်လာစေရန်၊ ဘဏ္ဍာငွေအရင်းအမြစ် စဉ်ဆက်မပြတ်ရရှိပြီး ကျေးရွာလည်ပတ်ရန်ပုံငွေ ထူထောင်နိုင်ရန်၊ ကျေးရွာ လည်ပတ်ရန်ပုံငွေစနစ်တွင် ကျေးရွာကြီးကြပ်မှုကော်မတီ၏ သဘောတူ ဆုံးဖြတ်ချက်ဖြင့် သတ်မှတ် အတိုးငွေထည့်ဝင်ပြီး တိုးပွားလာသော အတိုးငွေ၏အချို့ကို မွေးမြူရေးကိုအခြေခံသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်၊ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာအား အရင်းမပျောက် လည်ပတ်ရန်ပုံငွေအဖြစ် ငွေကျပ် သန်း (၃၀)အား နိုင်ငံတော်ဘတ်ဂျက်မှ မတည်ပေးမည်ဖြစ်ပြီး စီမံကိန်းအကောင်အထည်ဖော်မည့် နည်းလမ်းမှာ အရင်းမပျောက် လည်ပတ်ရန်ပုံငွေအဖြစ် မတည်ပေးပြီး သက်သာသောအတိုးနှုန်း ရယူခြင်းဖြင့် ရန်ပုံငွေပမာဏတိုးပွားစေကာ ရေရှည်တည်တံ့လည်ပတ်စေနိုင်မည့် နည်းလမ်း အသုံးပြုသွားမည် ဖြစ်ပါကြောင်း၊ စီမံကိန်းကျေးရွာတွင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထူထောင်၍ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝ တိုးတက်လာခြင်း၊ ဒေသခံပြည်သူများ တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ အသိပညာတိုးပွားလာခြင်း၊ မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာခြင်း၊ ကျေးရွာသူ/ကျေးရွာသားများ စွမ်းဆောင်ရည် မြင့်မား၍ ဒီမိုကရေစီနည်းလမ်းကျကျ စုပေါင်းညှိနှိုင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာခြင်း၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုအလေ့အထများ ဖွံ့ဖြိုးလာခြင်း၊ အမျိုးသမီးများ၏ ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာခြင်းစသည့် ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ ရရှိလာမှာ ဖြစ်ကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြာခဲ့ပြီး ဇီးဖြူကွင်း ကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာ မြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေကြီးကြပ်မှုကော်မတီဖွဲ့စည်းပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း )

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)