တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်သား ၁၁၁၈၃ ဦး တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးပြီး ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်သား ၁၁၁၈၃ ဦး တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးပြီး ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား


MNP ၊ ဒီဇင်ဘာ ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က ယမန်နေ့ညက ထုတ်ပြန်ပြောကြားချက်တွင် မြန်မာနိုင်ငံအတွင်း ရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်သား ၁၁၁၈၃ ဦး တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးပြီး ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက "ကျွန်တော်တို့နယ်စပ်ဒေသတွေမှာ တရားမဝင်ဝင်ရောက်နေထိုင်တဲ့ နိုင်ငံခြားသားများ လွှဲပြောင်းပေးမှုအနေနဲ့ အမျိုးသား ၉၂ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၁၀၄ ဦးကို လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၅ ရက်နေ့အထိ စုစုပေါင်း ၁၁၁၈၃ ဦး လွှဲပြောင်းခဲ့ပြီး ဖြစ်ပါတယ်။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။" ဟု ထည့်သွင်းပြောကြားသွားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)