ငဖဲမြို့ ချင်းစုရပ်တွင် မေမြို့ပန်းနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့ ချင်းစုရပ်တွင် မေမြို့ပန်းနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း



MNP ၊ဒီဇငျဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့မရပ်ကွက် ချင်းစုရပ်ကွက်သည် မန်းချောင်းနံဘေးတွင်တည်ရှိပြီး အရှေ့ဘက်ကိုင်းမြေများတွင် မြေအောက်ရေဖြင့် ရာသီအလိုက်သီးနှံများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုနှစ်ဆောင်းသီးနှံများစိုက်ပျိုးရာသီတွင် မေမြို့ပန်းနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိရောင်းချနေရကြောင်း ဆောင်းသီးနှံများ စိုက်ပျိုးရောင်းချသူ တောင်သူဒေါ်သင်းခိုင်ထံမှ သိရသည်။

သီတင်းကျွတ်လမိုးအကုန်တွင် သီးနှံမျိုးစေ့များကို စတင်ပျိုးထောင်ပြီး သီးနှံတစ်မျိုးချင်း အလိုက်ဘောင်ချ၍ မြေအောက်ရေသွင်းကာ စိုက်ပျိုးရောင်းချကြောင်း၊ သီးနှံမျိုးစေ့များကို မင်းဘူးမြို့မှ ဝယ်ယူပြီး ပန်းမျိုးစေ့ကို ယခင်နှစ်ကပန်းပင်မှမျိုးစေ့ချန်ထားပြီး စိုက်ပျိုးကြောင်း၊ မေမြို့ပန်း(ချင်းမိုင်)နှင့်အတူ ဆောင်းသီးနှံများအနေဖြင့် ပန်းမုန်လာ၊ မုန်လာဥ၊  ကြက်သွန်နီ၊ နံနံပင်၊ ကိုက်လန်၊ ခရမ်းသီး၊ ဖာလာချဉ်ပေါင်များ စိုက်ပျိုးထားကြောင်း၊ မေမြို့ပန်းတစ်ပင်လျှင် ငွေကျပ် ၃၀၀ နှုန်း၊ မုန်လာဥနှင့်ကိုက်လန် ၁ပင်လျှင် ငွေကျပ် ၁၀၀ နှုန်း စသည်ဖြင့် ဈေးကောင်းရောင်းချရကြောင်း၊ ယခုနှစ်ဆောင်းရာသီဝင်စ ဟင်းသီးဟင်းရွက်များစိုက်ပျိုးရာတွင် မိုးရွာသွန်းမှုအနည်းငယ်ရှိ၍ ယခင်နှစ်ကထက် စိုက်ပျိုးမှုလည်း နောက်ကျရကာ သီးနှံထွက်ရှိမှုလျော့နည်းကြောင်း၊  ကိုင်းမြေမှထွက်ရှိသည့် ဟင်းသီးဟင်းရွက်များကို ငဖဲမြို့မဈေးတွင် မိမိကိုယ်တိုင်ရောင်းချပြီး အခင်းသို့ ဖောက်သည်လာဝယ်သူများရှိကြောင်း၊ မေမြို့(ချင်းမိုင်) ပန်းများနှင့် ဆောင်းသီးနှံ ဟင်းသီးဟင်းရွက်များကို နေ့စဉ် ငွေကျပ် သုံးသောင်းဖိုးခန့်ရောင်းချရလို့ အဆင်ပြေကြောင်း၊ ကိုင်းမြေတစ်ဧကမှာဆောင်းသီးနှံများကို ရာသီအလိုက်စိုက်ပျိုးရောင်းချရလို့ မိသားစုစားဝတ်နေရေးအဆင်ပြေကြောင်း တောင်သူဒေါ်သင်းခိုင်က ပြောကြားသည်။

ငဖဲမြို့နယ်တွင် မြို့မရပ်ကွက်၊ ချင်းစုရပ်ကွက်၊ အိုးမြေတွင်းကျေးရွာနှင့် ပန်းထိမ်းကျေးရွာများတွင် မြေအောက်ရေနှင့် မန်းချောင်းရေကို အသုံးပြု၍ ကိုင်းမြေများတွင် တစ်နိုင်တစ်ပိုင် ရာသီအလိုက် ဟင်းသီးဟင်းရွက်များ၊ မေမြို့ပန်းနှင့် ဂန္ဓမာပန်းများကို စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

မယု

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)