တိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး တောင်သူများ၏ တင်ပြချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

တိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး တောင်သူများ၏ တင်ပြချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေး


4140

MNP ၊ဒီဇင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက ဟင်္သာတခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး တောင်သူများ၏ တင်ပြချက်များအား ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဟင်္သာတမြို့နယ်၊ ကျောင်းကွင်းကျေးရွာရှိ တောင်သူဦးအုန်းလွင်၏ လယ်ဧက၌ ဆောင်းသီးနှံ (နေကြာ) သုံးဧကနှင့် ပိုက်ဆံလျှော် တစ်ဧက စိုက်ပျိုးပွဲအခမ်းအနားအား တက်ရောက်၍ ဌာနဆိုင်ရာများ၊ တောင်သူများနှင့်အတူ နေကြာနှင့် ပိုက်ဆံလျှော်မျိုးစေ့များအား စုပေါင်းစိုက်ပျိုးပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် မိုးစပါးများအား ဝယ်ယူကြိတ်ခွဲသူအစုအဖွဲ့အနေဖြင့် ဆောင်ရွက်သည့် ဟင်္သာတမြို့၊ ကုန်းကြီးကျေးရွာရှိ စုစန္ဒာဆန်စက်သို့ သွားရောက်၍ တောင်သူများမှ စပါးပြန်လည် ပေးသွင်းနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ဝယ်ယူကြိတ်ခွဲသူများ၊ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မိုးစပါးရိတ်သိမ်းပြီးစီးမှု၊ အထွက်နှုန်းတိုးတက်ထွက်ရှိမှုနှင့် စပါးပြန်လည် ပေးသွင်းနေမှုအခြေ အနေများအား ဆွေးနွေးမေးမြန်းခဲ့ပြီး သတ်မှတ်ကာလအတွင်း အပြေ အကြေ ပြန်လည်ပေးသွင်းစေရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဟင်္သာတမြို့၊ မဟာအတုလသကျရံသီ ဆယ်ထပ်ကြီးရုပ်ရှင်တော်မြတ်ဘုရားကြီး ပရဝဏ်အတွင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ် ဦးစီးမှူးရုံးမှ  ပန်းခင်းစီမံချက်ဖြင့် သုံးပင်ကွင်း ရပ်ကွက်၊ အေးမြသာယာရပ်ကွက်၊ လယ်တီကွင်းရပ်ကွက်များမှ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်ဦးစီးမှူးနှင့်  မြို့နယ်ဦးစီးမှူးတို့က လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာရင်းရေးသွင်းရာတွင် အချက်အလက်များ မှားယွင်းမှုမရှိစေရေး၊ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများထံ အမြန်ဆုံးရရှိစေရေး ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ပြည်သူများထံသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က ပြုလုပ်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  ဟင်္သာတမြို့နယ်၊  အင်းဓဝယ်ကျေးရွာရှိ တောင်သူဦးအေးနိုင်၏ လယ်ဧက(၂)ဧက၌ ဆောင်းသီးနှံ‌ (နေကြာ)သီးသန့်စိုက်ပျိုးပွဲ အခမ်းအနားသို့တက်ရောက်၍ ဌာနဆိုင်ရာများနှင့် တောင်သူများ စုပေါင်းစိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူ များအား နေကြာမျိုးစေ့များပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဟင်္သာတခရိုင် လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက် လျက်ရှိသည့် ဟင်္သာတ-ဒူးယား-ဒေါင့်ကြီး-ဇလွန်လမ်း (၁၅မိုင်၁ဖာလုံ)မှ မိုင်(ဝ/၃-ဝ/၆)အတွင်း (၃၉၃၆ပေ) အုတ်စီရေမြောင်း ပြုလုပ်ခြင်း၊ မိုင်(၁၃/၂-၁၄/၁)အထိ (၇ဖာလုံ)အား ၁၈ ပေမှ ၂၄ ပေအကျယ် ကတ္တရာ လမ်းချဲ့ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ထားသော ကာလအတွင်း ပြီးစီးစေရေးနှင့် လမ်းဘေးဝဲယာများ၊ လမ်းပုခုံးများ စနစ်တကျရှိစေရေး မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဇလွန်မြို့နယ်၊ နန်းတော်ကျွန်းကျေးရွာတွင် တောင်သူ ၄၃၇ ဦးမှ နေကြာသီးသန့်စိုက်ခင်း ၁၈၈ဧက၊ နေကြာသီးညှပ် စိုက်ခင်း ၃၀၀ဧက၊ ငရုပ်စိုက်ခင်း ၂၀၀ဧက၊ ပဲစိုက်ခင်း ၂၀၀ ဧက၊ ဖူးစားပြောင်းစိုက်ခင်း ၂၀၀ ဧက၊ အစေ့ထုတ်ပြောင်း ၁၉၇၀ ဧက စိုက်ပျိုးဖြစ်ထွန်း နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့် တွေ့ဆုံ၍ တစ်ဧက အထွက် တိုးတက်မှုအခြေအနေများ၊ ရောင်းဝယ်မှုအခြေအနေများ ဆွေးနွေးမေးမြန်းခဲ့ပြီး အထွက်တိုး မျိုးကောင်းများ အသုံးပြုစေရေး၊ ပိုးမွှားအန္တရာယ် ကျရောက်မှုမရှိစေရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး မြေလွတ်မြေလပ်များ ချန်လှပ်မှု မရှိစေရေး စိုက်ပျိုးဆောင်ရွက်ရန်နှင့် သီးထပ် စွမ်းအားများ မြှင့်တင်စိုက်ပျိုးကြရန် မှာကြားခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဇလွန်မြို့နယ်၊ အဗျင်းရွာမကျေးရွာရှိ တောင်သူ ဦးဇော်မင်းအောင်၏ စိုက်ဧက(၁.၅၀)ဧက၌ ဌာနဆိုင်ရာများနှင့် တောင်သူများစုပေါင်း၍ နေကြာစိုက်ပျိုးနေမှု အားလည်းကောင်း၊ မေရီလန်းကျေးရွာရှိ တောင်သူ ဦးဝင်းမြင့်ဦး၏ စိုက်ဧက(၂)ဧက၌ စိုက်ပျိုးထားသည့် ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းအားလည်းကောင်း၊ ဖက်သောင်ကျေးရွာရှိ တောင်သူ ဦးရွှေထူး၏ စိုက်ဧက(၁၀)ဧက၌ နေကြာသီးသန့်(၅)ဧကစိုက်ခင်းနှင့် ပဲပုတ်- နေကြာ အတန်းလိုက်စနစ်စိုက်ပျိုးသည့် သီးညှပ်(၅)ဧက စိုက်ခင်းအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့သည်။

လှမင်းထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages