မိုင်းပျဉ်းမြို့၌ မြို့နယ်အဆင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပျဉ်းမြို့၌ မြို့နယ်အဆင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ ကျင်းပ


 


MNP ၊ ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်ကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကို မိုင်းပျဉ်းမြို့နယ် ဒုမြို့နယ်ပညာရေးမှူး ဦးကျော်လွင်က ဦးစီးကျင်းပ၍ မိုင်းပျဉ်းမြို့ပေါ်ရှိ အခြေခံပညာကျောင်း(၃)ကျောင်းမှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ကဗျာဝင်ရောက်ယှဉ်ပြိုင်သူ(၈)ဦး၊ စာစီစာကုံးဝင်ရောက်ယှဉ်ပြိုင်သူ(၁၄)ဦး စုစုပေါင်း(၂၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်နောင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)