စစ်ကိုင်းမြို့တွင် စိမ်းလန်းစိုပြည်သောကျောင်း အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

demo-image

စစ်ကိုင်းမြို့တွင် စိမ်းလန်းစိုပြည်သောကျောင်း အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

29

30

MNP ၊ဒီဇင်ဘာ ၁၁

စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ သက်ဆိုင်ရာ ဌာနကိုယ်စားလှယ် အဖွဲ့များနှင့်အတူ စိမ်းလန်းစိုပြည်သောကျောင်း အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများဖြင့် ကိုက်ညီမှု ရှိ/မရှိ အဖွဲ့ဝင်ကိုယ်စားလှယ်များနှင့်အတူ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပညာရေးမှူးက စိမ်းလန်းစိုပြည်သောကျောင်းဆု ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားပြီး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက စိမ်းလန်းစိုပြညသောကျောင်းဆု ယှဉ်ပြိုင်နိုင်ရေးအတွက် ဆောင်ရွက်ထား ရှိမှု လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

ဆက်လက်၍ အဆိုပါအဖွဲ့များသည် ကျောင်းဝင်းအတွင်း စိုက်ပျိုးထားရှိသည့် စိမ်းလန်းစိုပြည် ရေးအခြေအနေများ၊ ကျောင်းသား/သူလေးများ၏ လက်မှုပညာရပ်များ၊ နံရံဆေးပန်းချီ ရေးဆွဲနေမှုများ၊ သန့်ရှင်းရေးဆောင်ရွက်နေမှုများ၊ စာကြည့်တိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ သဘာဝမြေဆွေး ပြုလုပ်ထားရှိမှုများ၊ ကျောင်းမုန့်ဆိုင်ရောင်းချနေမှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages