မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ပစ္စည်းများပေးအပ်

MNP ၊ဒီဇင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေး အပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် မီးသတ်ဦးစီးဌာနရုံး  အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

ရှေးဦးစွာ မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မင်းကျော်က ထောက်ပံ့ပစ္စည်း များပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းများက တာဝန်ထမ်းဆောင်ရာတွင် တွေ့ ကြုံရသည့် မိမိတို့အခက်အခဲများနှင့်လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးက လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော မြစ်သားမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကူမဲမြို့ မီးသတ်စခန်းမှမီးသတ်တပ်ဖွဲ့ဝင်များကို တစ်ဦးလျှင်ကြက်ဥ (၁၀) လုံး၊ ငှက်ပျော်သီးဖီးကြမ်း (၁) ဖီး၊ စတစ်အင်္ကျီ အဖြူလက်ရှည်(၁)ထည်နှင့် ပွဲတက်ပုဆိုး(၁)ကွင်းစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မင်းကျော်ထံမှ သိရသည်။


ဝင်းမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)