ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ကျောင်းသူ၊ ကျောင်းသားများ လုပ်ငန်းခွင်ဝင် သင်တန်းဆင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ကျောင်းသူ၊ ကျောင်းသားများ လုပ်ငန်းခွင်ဝင် သင်တန်းဆင်းအခမ်းအနားကျင်းပ




MNP ၊ ဒီဇင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသင်တန်းကျောင်းတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ဆင်း ကျောင်းသား၊ ကျောင်းသူများအား လုပ်ငန်းခွင်အတွင်းဝင်ရောက်လာပါက သိသင့်သိထိုက်သည်များ၊ ဆောင်ရန်/ ရှောင်ရန်များကိုသိရှိစေမည့် လုပ်ငန်းခွင်ဝင်သင်တန်း သင်တန်းဆင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနာ ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမောင်မောင်ဆန်းမှ သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများအား သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သော ပြည်သူ့ဗဟိုပြုသည့်ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရားတည်ဆောက်နိုင်ရေးအတွက် ဌာန၏ရည်မှန်းချက်ဖြစ်သော တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေး၊ နိုင်ငံတော်အစိုးရ၏မူဝါဒများအကောင်အထည်ဖော်ရေး၊ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ဖော်ဆောင်ရေး၊ ပြည်သူ့ဗဟိုပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လိုအပ်သော အသိပညာ၊ အတတ်ပညာများရရှိစေရန်၊ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်နှင့် အရည်အချင်းပြည့်ဝစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။


ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ကျောင်းအုပ်ဆရာကြီးဦးမောင်မောင်ဆန်းမှ ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသူများအား ဆုတံဆိပ်များချီးမြှင့်ခဲ့ပြီး  သင်တန်းသားများကိုယ်စား သင်တန်းဆင်းလက်မှတ်များကို ကသ(၁) ဦးကျကျို၊ ရှမ်းပြည်နယ်မှလက်ခံရယူပေးခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်း၊ နာယကဦးမိုးဆွေမှသင်တန်းတွင် ဆုရရှိသူများအား ဂုဏ်ပြုငွေပေးအပ်ခဲ့သည်။


သင်တန်းကို နိုဝင်ဘာ(၆)ရက်နေ့မှ ဒီဇင်ဘာ(၈)ရက်နေ့အထိ ၃၃ ရက်ကြာဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းအခမ်းအနားကို အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းမှကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်နှင့် မြန်မာနိုင်ငံအထွေထွေအုပ်ချူပ်ရေးဝန်ထမ်းဟောင်းများအသင်းမှ နာယက၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အငြိမ်းစားအရာရှိကြီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာဧည့်သည်တော်များ၊ သင်တန်းကျောင်းမှနည်းပြအရာရှိများနှင့် သင်တန်းသား၊ သင်တန်းသူအင်အား(၂၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


ဌေးလင်း(မင်္ဂလာဒုံ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)