ရွှေတောင်မြို့၌( ၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့၌( ၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ

  





MNP ၊  ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့်( ၇၆ )နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မြို့နယ်အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက အထက ( ရွှေတောင်) ရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။

       အဆိုပါ ပြိုင်ပွဲများသို့  မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်း၊အထက်တန်း ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြရာ စာစီစာကုံးပြိုင်ပွဲတွင် မူလတန်းဆင့် (၂၅)ဦး၊ အလယ်တန်းဆင့် (၁၇)  ဦး၊ အထက်တန်းဆင့် (၁၄) ဦး၊   ကဗျာပြိုင်ပွဲတွင် အထက်တန်းဆင့် ( ၁၄) ဦးနှင့် ကျပန်းစကားပြောပြိုင်ပွဲ အထက်တန်းဆင့် ( ၁၀)ဦး  စုစုပေါင်း( ၇၇)ဦး အသီးသီး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ထိုသို့ ပါဝင်ယှဉ်ပြိုင်ကြရာ စာစီစာကုံးပြိုင်ပွဲများတွင် အထက်တန်းဆင့်အတွက်" လွတ်လပ်မှ ထွတ်မြတ်မည်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊  အလယ်တန်းဆင့်အတွက် "လွတ်လပ်ရေးအောင်ပန်း" ခေါင်းစဉ်ဖြင့် လည်းကောင်း၊  မူလတန်းဆင့်အတွက် " လွတ်လပ်ရေးနေ့ တို့မမေ့"  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းဆင့် ကဗျာပြိုင်ပွဲအတွက် "လွတ်လပ်ရေးအမွေ" ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ရေးသားစေခဲ့ကြောင်း သိရသည်။ 


ကိုကိုမင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)