ပြည်သူကို တိုက်ရိုက် မြေပြင်မှာရော၊ သတင်းမီဒီယာများကနေ တဆင့်ရော ခြိမ်းခြောက်နေတဲ့ အဖွဲ့အစည်းများရဲ့ ဒီမိုကရေစီဆိုတဲ့ ကြွေးကြော်မှု ယုံကြည်စရာ တစ်စက်မှ မရှိဘူးဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူကို တိုက်ရိုက် မြေပြင်မှာရော၊ သတင်းမီဒီယာများကနေ တဆင့်ရော ခြိမ်းခြောက်နေတဲ့ အဖွဲ့အစည်းများရဲ့ ဒီမိုကရေစီဆိုတဲ့ ကြွေးကြော်မှု ယုံကြည်စရာ တစ်စက်မှ မရှိဘူးဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား


MNP ၊ ဒီဇင်ဘာ ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်၊ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ၏ ယနေ့ သတင်းထုတ်ပြန်ချက်တွင် တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းလိမ်၊ သတင်းမှားများ မိနစ်နှင့်အမျှ ရေးသားဖြန့်ဝေနေမှုသည် အကြမ်းဖက်နည်းဗျူးဟာတစ်ရပ်ဖြစ်ပြီး ပြည်သူကို တိုက်ရိုက် မြေပြင်မှာရော၊ သတင်းမီဒီယာများကနေ တဆင့်ရော ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း၊ ဒီခြိမ်းခြောက်နေတဲ့ အဖွဲ့အစည်းများရဲ့ ဒီမိုကရေစီဆိုတဲ့ ကြွေးကြော်မှု၊ ဒီမိုကရေစီဆိုတဲ့ ပါးစပ်ကနေ ပြောတာဆိုတာသည် ယုံကြည်စရာ တစ်စက်မှ မရှိကြောင်း ပြောဆိုထားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း က "သတင်းတု၊ သတင်းမှားများနဲ့ ကောလဟလသတင်းမှားများကို သတိပြုရမှာ ဖြစ်ပါတယ်။ ဒီသတင်းတု၊ သတင်းမှားများနဲ့ ကောလဟလသတင်းမှားများကို ထုတ်လွှင့်ပြီး နိုင်ငံတော်ရဲ့၊ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ မတည်ငြိမ်အောင် ဖန်တီး ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော် မနေ့ကပြောသလို အကြမ်းဖက်လုပ်ရပ်များကို အားပေးတဲ့ သတင်းများကို ထုတ်လွှင့်ခြင်းအားဖြင့် ပြည်သူလူထုနဲ့ ပတ်သက်လာပြီး စိုးရိမ်ထိတ်လန့်လာအောင် လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ ဒါသည် သူတို့ရဲ့ အကြမ်းဖက်နည်းဗျူဟာပဲ ဖြစ်ပါတယ်။ မြေပြင်မှာ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး လုပ်ပြမယ်။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်၊ ပြည်သူလူထုရဲ့ လမ်းပမ်းဆက်သွယ်မှု၊ ပြည်သူလူထုရဲ့ လျှပ်စစ်ဓာတ်အား အပါအဝင် လူမှုစီးပွားဘဝ ထိခိုက်အောင် လုပ်မယ်။ ခြိမ်းခြောက်မယ်။ သတင်းမီဒီယာများကနေ တဆင့် ခြိမ်းခြောက်မယ်။ ပြည်သူကို တိုက်ရိုက် မြေပြင်မှာရော၊ သတင်းမီဒီယာများကနေ တဆင့်ရော ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။ ဒီခြိမ်းခြောက်နေတဲ့ အဖွဲ့အစည်းများရဲ့ ဒီမိုကရေစီဆိုတဲ့ ကြွေးကြော်မှု၊ ဒီမိုကရေစီဆိုတဲ့ ပါးစပ်ကနေ ပြောတာဆိုတာသည် ယုံကြည်စရာ တစ်စက်မှ မရှိဘူးလို့ပဲ ပြောချင်ပါတယ်။" ဟု ပြောဆိုထားသည်။

ဆက်လက်၍ "တပ်မတော်အနေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားဖြစ်တဲ့ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နေတာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် တရားသောစစ်ကို တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရားသော စစ်ပွဲသည် မုချမသွေ အောင်မြင်ရမှာဖြစ်ပါတယ်။" ဟု ရှင်းလင်းပြောဆိုသွားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)