ရန်ကုန်တိုင်းဒေသကြီး နယ်မြေမဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး နယ်မြေမဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး



MNP ၊ ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး နယ်မြေမဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအစီအစဉ်ကို ဒီဇင်ဘာ ၄ ရက်မှစ၍ ခရိုင်နယ်မြေများအလိုက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မှော်ဘီမြို့နယ် ရပ်ကွက်၊ ကျေးရွာ ၂၂ ခုမှ ပြည်သူ ၅၆၆ ဦး၊ သာကေတမြို့နယ် ရပ်ကွက်ငါးခုမှ ပြည်သူ ၄၆၀ ၊ ဗိုလ်တထောင်မြို့နယ် ရပ်ကွက်ခြောက်ခုမှ ပြည်သူ ၄၁၁ ဦး၊ ကမာရွတ်မြို့နယ် ရပ်ကွက် ၁၀ ခုမှ ပြည်သူ ၄၈၁ ဦး တက်ရောက်၍ လက်တွေ့စမ်းသပ်မဲပေးလေ့လာမှုများ ဆောင်ရွက်သည်။


အဆိုပါ အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအစီအစဉ်ကို ဒီဇင်ဘာ ၂၉ ရက်တွင် မှော်ဘီမြို့နယ်၊ သာကေတမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)