ဝမ်းတွင်းမြို့နယ်၌ ကလေးအလုပ်သမား ပပျောက်ရေး ဟောပြောပွဲ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ဝမ်းတွင်းမြို့နယ်၌ ကလေးအလုပ်သမား ပပျောက်ရေး ဟောပြောပွဲ ကျင်းပ

4

5

MNP  ၊ဒီဇင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ကလေးအလုပ်သမား ပပျောက်ရေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (သဲတော)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆရာကြီး ဦးသန်းဆောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက “ကလေးအလုပ်သမားပပျောက်ရေး” ဟောပြောပွဲ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဥပဒေရုံး ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ဟန်နီဖြိုးက ကလေးအလုပ်သမားဆိုင်ရာ ဥပဒေအကြောင်း သိကောင်းစရာများ၊ ကလေးအလုပ်သမား ပပျောက်ရေး ဆောင်ရွက်ရန်အချက်များ၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဆိုင်ရာ အချက်များကို ရှင်းလင်းဟောပြောခဲ့ရာ ကျောင်းသား ကျောင်းသူများက သိလိုသည့် အချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ “ကလေးအလုပ်သမားပပျောက်ရေး” အသိပညာပေး ဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages